SJ WorldNews - шаблон joomla Авто

လုပ်ငန်း စွမ်းဆောင်ရည် မြင့်မားရေး သင်တန်းဖွင့်

Tuesday, 14 August 2018 09:39 font size decrease font size decrease font size increase font size increase font size

ဂန့်ဂေါ သြဂုတ် ၁၃

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယနေ့ နံနက် ၈ နာရီတွင် လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေး သင်တန်းအမှတ်စဉ်(၂/၂ဝ၁၈) ဖွင့်ပွဲ ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်နိုင်က အမှာစကား ပြောကြားပြီး ခရိုင်ရဲ တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်မင်းလွင်၊ ခရိုင်ဥပဒေ အရာရှိ ဦးကျော်ကျော်လင်း၊ ခရိုင်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှူး ဦးမျိုးခိုင်၊ မြစ်သာရေလှောင်တမံ ဘက်စုံစီမံကိန်း ဦးစီးအရာရှိ ဦးဥာဏ်စိုးတို့က သင်တန်းပို့ချ ဆွေးနွေးမည့် အစီအစဉ်များကို ရှင်းလင်း တင်ပြကြသည်။

အဆိုပါ သင်တန်းသို့ ဂန့်ဂေါခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်း ၄၈ ဦး တက်ရောက် သင်ကြားနေပြီး သင်တန်းကာလမှာ ရက်သတ္တ ငါးပတ်ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

တောင်သားမောင်သန်း

Read 181 times Last modified on Tuesday, 14 August 2018 09:49