SJ WorldNews - шаблон joomla Авто

အွန်လိုင်းချစ်သူ အဖွဲ့မှ အသက်ကယ် ဝတ်စုံများ လှူဒါန်း

Tuesday, 14 August 2018 09:40 font size decrease font size decrease font size increase font size increase font size

ကသာ သြဂုတ် ၁၃

စစ်ကိုင်းတိုင်း ဒေသကြီး ကသာမြို့နယ်အောက် သံပုရာကျေးရွာနှင့် အောက်ဝဲကြီး ကျေးရွာတို့ရှိ ရေလမ်းခရီးသွား ကျောင်းတက်ရသော ကလေးများကို အွန်လိုင်းချစ်သူများ အဖွဲ့သည် ယမန်နေ့က အသက်ကယ်ဝတ်စုံများ သွားရောက် လှူဒါန်းကြကြောင်း သိရသည်။

''အောက်သံပုရာကျွန်းထဲမှာ နေထိုင်တဲ့ ကလေးတွေက ကျောင်းကို လာတဲ့အခါ နွေမိုးဆောင်း သုံးရာသီစလုံး ရေလမ်းကနေ သွားနေရတာ၊ တကယ်ကိုယ်တိုင်သွား ကြည့်မှပဲ ရေတိုးချိန်၊ လေတိုက် နေချိန်တွေမှာ မလွယ်မှန်း သိခဲ့ရတယ်။ ဒီတစ်ခါတကယ့်ကို လိုအပ်နေတဲ့ နေရာထိအောင် သွားရောက် လှူဒါန်း လိုက်ရတဲ့အတွက် အတော့်ကို ပီတိဖြစ်တယ်။ ကလေးတွေကို အသက်ကယ်ဝတ်စုံလေးတွေ ဝတ်ပေးရင်းကို အတိုင်းမသိ ဝမ်းသာတယ်။ နောက်လည်း လှူဒါန်းနိုင်အောင် ဆက်လက်ကြိုးစားသွားမယ်'' ဟုအွန်လိုင်း ချစ်သူများ အဖွဲ့ဝင် ဒေါ်သိန်းသိန်းမိုးက ပြောသည်။

သက်ကယ်ဝတ်စုံ လှူဒါန်းရာတွင် အောက်သံပုရာ ကျေးရွာမှ ကျောင်းသား၊ ကျောင်းသူများ အတွက် ၁ဝ၅ ထည်၊ အောက်ဝဲကြီး ကျေးရွာမှ ကျောင်းသား၊ ကျောင်းသူများအတွက် ၃၃ ထည်၊ ကသာမြို့နယ် မီးသတ်ဦးစီးဌာနမှ အရေးပေါ် အခြေအနေ များတွင် ဝတ်ဆင် အသုံးပြုရန် ၁ဝ ထည် စုစုပေါင်း ၁၄၈ ထည် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

အွန်လိုင်းချစ်သူများ အဖွဲ့သည် ရေလမ်း ခရီးသွား ကျောင်းတက်ရသော ကျောင်းသား၊ ကျောင်းသူများသို့ အသက်ကယ်ဝတ်စုံများ လှူဒါန်းခြင်းကို ၂ဝ၁၆ ခုနှစ်မှ စတင်ကာ ဒုံးအော့၊ အောက်ဝဲကြီး၊ ညောင်ပင်သာယာ၊ လက်ပံဇင်၊ စစ်ကုန်း၊ ဒေါင့်ကြီး၊ ဦးစောကျွန်း၊ ဝေဆွယ်၊ ကျောက်ထုံးကြီးကျေးရွာ တို့၌ သွားရောက် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

အမ်အမ်ကေ

Read 108 times Last modified on Tuesday, 14 August 2018 09:49