SJ WorldNews - шаблон joomla Авто

ထီးချိုင့်မြို့နယ်၌ ကျောင်းအဆင့် တိုးမြှင့်ခြင်း အခမ်းအနား ကျင်းပ

Tuesday, 14 August 2018 09:42 font size decrease font size decrease font size increase font size increase font size

ထီးချိုင့် သြဂုတ် ၁၃

စစ်ကိုင်းတိုင်း ဒေသကြီး ထီးချိုင့်မြို့နယ် ချိတ်သင် ကျေးရွာအုပ်စု ရွာသစ်ရွာ အခြေခံ ပညာ အလယ်တန်းကျောင်း(ခွဲ)မှ အခြေခံပညာ အလယ်တန်းကျောင်း အဆင့်သို့ တိုးမြှင့် ဖွင့်လှစ်ခြင်း ဖွင့်ပွဲ အခမ်းအနားကိုယမန်နေ့ နံနက် ၁ဝ နာရီက အဆိုပါ ကျောင်းမုခ်ဦး ရှေ့၌ ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘဝင်း ၊ မြို့နယ်ပညာရေးမှူး ဦးခင်မောင် လွင်၊ မြို့နယ်စာရင်း စစ်ဦးစီးအရာရှိ ဒေါ်အေးအေးခိုင်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်မျိုး ဦးတို့က မုခ်ဦးဆိုင်းဘုတ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ရွာသစ်ရွာဆရာတော် ဦးဝါယမနှင့် တာဝန်ရှိသူတစ်ဦး တို့က ကျောင်းဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘဝင်းက အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးခင်မောင်လွင်က ကျောင်းသား၊  ကျောင်းသူများအား ပညာသင်ယူမှု အခွင့်အလမ်းများ မြို့ပေါ် ကျေးလက်တစ်ပြေးညီ ရရှိစေရေးအတွက် ကျောင်း အဆင့်မြှင့်တင် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ နိုင်ငံတစ်ဝန်းလုံးရှိ ကလေးများအားလုံး ကျောင်းတက်ရန် အခွင့်အလမ်းသည် မြို့ပေါ်ရော ကျေးလက်ပါ တန်းတူ အခွင့်အရေး ရရန်အတွက် တစိုက်မတ်မတ် ဆောင်ရွက်နေကြောင်း ရှင်းလင်း တင်ပြသည်။

အဆိုပါ ရွာသစ်ရွာ အခြေခံပညာ အလယ်တန်းကျောင်း အပါအဝင် ထီးချိုင့်မြို့နယ် အနေဖြင့် ၂ဝ၁၈ - ၂ဝ၁၉ ပညာသင်နှစ်တွင် ကျောင်းပေါင်း ၄ဝ အထိ အဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့် ရရှိခဲ့ရာ အထက်တန်းအဆင့် ခြောက်ကျောင်း၊ အလယ်တန်းအဆင့် ၁၇ ကျောင်း၊ အလယ်တန်း ကျောင်း(ခွဲ)အဆင့်လေးကျောင်း၊ မူလတန်းလွန် အဆင့်ရှစ်ကျောင်း၊ မူလတန်း အဆင့်လေးကျောင်းနှင့် မူလတန်း ကျောင်း(ခွဲ) အဆင့်တစ်ကျောင်း ဖြစ်ကြောင်း သိရသည်။ ကျော်ခဲ

Read 175 times Last modified on Tuesday, 14 August 2018 09:48