SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေး ဟောပြော

Wednesday, 15 August 2018 09:41 font size decrease font size decrease font size increase font size increase font size

နေပြည်တော် သြဂုတ် ၁၄

မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေး ဟောပြောပွဲကို နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ရတနာမွန်ခန်းမ၌ ယနေ့ နံနက် ၉ နာရီတွင် ကျင်းပသည်။

ရှေးဦးစွာ မူးယစ်ဆေးသုံးစွဲသူများ ပြန်လည်ထူထောင်ရေး အသင်း(မြန်မာ) နေပြည်တော် အသင်းခွဲဥက္ကဋ္ဌ ဦးဇော်အောင်က အဖွင့်အမှာစကား ပြောကြားပြီး နေပြည်တော် ပြန်ကြားရေး နှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ဆိုးကျိုးအန္တရာယ်များ အကြောင်းကို ပရိုဂျက်တာဖြင့် ရှင်းလင်း ဟောပြောသည်။

ထို့နာက် မူးယစ်ဆေး သုံးစွဲသူများ ပြန်လည် ထူထောင်ရေးအသင်း (မြန်မာ)နေပြည်တော် အသင်းခွဲ ဒုတိယဥက္ကဋ္ဌ ဦးတင်ငွေက မူးယစ်ဆေးဝါးအစ ဆေးလိပ်က ခေါင်းစဉ်ကို လည်းကောင်း၊ နေပြည်တော် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ အမှတ်(၁ဝ၁) တပ်စုမှ ဒုတိယ ရဲအုပ်အောင်ဖြိုးဝေ၊ မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်များ အကြောင်းကို လည်းကောင်း အသီးသီး ဆွေးနွေးဟောပြောပြီး မူးယစ်ဆေး သုံးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) နေပြည်တော်အသင်းခွဲ နာယက ဦးမောင်မောင်က ပြန်လည်ထူထောင်ရေး လုပ်ငန်းအစီအစဉ်များကို ဟောပြောသည်။

ဆက်လက်၍ နေပြည်တော် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များ လှူဒါန်းရာ ကျောင်းအုပ် ဆရာမကြီး ဒေါ်ယုယုကြည်က လက်ခံ ရယူသည်။

အသိပညာပေး ဟောပြောပွဲသို့ မူးယစ်ဆေးစွဲသူများ ပြန်လည် ထူထောင်ရေးအသင်း (မြန်မာ)နေပြည်တော် အသင်းခွဲ ဥက္ကဋ္ဌ ဦးဇော်အောင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့အမှတ် (၁ဝ၁)တပ်စုမှ ဒုတိယရဲအုပ် အောင်ဖြိုးဝေနှင့် တပ်ဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။

ဆန်းဦး

Read 146 times Last modified on Wednesday, 15 August 2018 09:47