SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

၂ဝ၁၇ -၂ဝ၁၈ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ

Wednesday, 15 August 2018 09:42 font size decrease font size decrease font size increase font size increase font size

မင်းဘူး သြဂုတ် ၁၄

မကွေးတိုင်း ဒေသကြီး မင်းဘူး(စကု)မြို့နယ် သမဝါယမအသင်းစု မင်းဘူး၏ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲက မင်းဘူးမြို့ မြို့နယ်သမဝါယမ အသင်းစုရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မကွေးတိုင်း ဒေသကြီး သမဝါယမ အသင်းစုချုပ် ဥက္ကဋ္ဌ ဦးဘိုအောင်က အစည်းအဝေး ကျင်းပရခြင်း၏ ရည်ရွယ်ချက် များကို လည်းကောင်း၊ မကွေးတိုင်း ဒေသကြီး သမဝါယမ ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကြည်လင်းက စုဆောင်းငွေနှင့် ပတ်သက်၍ သိသင့်သိထိုက် သည်များကို လည်းကောင်း၊ မင်းဘူးမြို့နယ် သမဝါယမ ဦးစီးဌာန ဦးစီး အရာရှိ ဒေါ်သင်းသင်းခိုင်က သမဝါယမ အသင်းစု၏ လုပ်ငန်းဆောင်ရွက် နေမှုများကို လည်းကောင်း ပြောကြားကြသည်။

ထို့နောက် မြို့နယ်သမဝါယမ အသင်းစု အမှုဆောင်အဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုနှင့် ရှေ့လုပ်ငန်းစဉ် များကို တာဝန်ရှိသူ တစ်ဦးက အစီရင်ခံ ဖတ်ကြားသည်။

ယင်းနောက် တာဝန်ရှိသူများက ၂ဝ၁၇ -၂ဝ၁၈ ဘဏ္ဍာနှစ်အတွက် နှစ်ချုပ်ဘဏ္ဍာရေး ရှင်းတမ်းများ ဖတ်ကြား ရှင်းလင်းပြီး ၂ဝ၁၇ -၂ဝ၁၈ ဘဏ္ဍာနှစ် ရှင်းတမ်းနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်များကို အတည်ပြုသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး သမဝါယမ သင်တန်းကျောင်း စာရင်းရေး၊ စာရင်းကိုင် သင်တန်းတွင် ဒုတိယဆု ရရှိခဲ့သော မြို့နယ်သမဝါယမ ဦးစီးဌာနမှ ဒေါ်ငုဝါညိုအား တာဝန်ရှိသူ တစ်ဦးက ဂုဏ်ပြုဆု ပေးအပ်သည်။

အဆိုပါ မြို့နယ် သမဝါယမအသင်းစုတွင် အခြေခံသမဝါယမ အသင်းပေါင်း ၂၆၈ သင်း၊ အသင်းသား ၁၉၄၆ဝ ဦးဖြင့် ဖွဲ့စည်းထားပြီး ဆိုင်ခန်း ငှားရမ်းခြင်း၊ အဆောင်ငှားရမ်းခြင်း၊ သွင်းအားစု ဖြန့်ဖြူးရေး၊ EXIM BANK ချေးငွေ၊ လယ်ယာမြေ အဆင့်မြှင့်တင်ခြင်း၊ ထွန်စက်အငှား ဝန်ဆောင်မှု စသည့် လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မျိုးမြတ်(မင်းဘူး)

Read 150 times Last modified on Wednesday, 15 August 2018 09:47