SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

၂ဝ၁၈ -၂ဝ၁၉ ဘဏ္ဍာနှစ်တွင် ဗဟို တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ဆေးရုံများ၌ လက်ထောက်ဆရာဝန် ၂ဝဝဝ ခန့်အပ်ရန် စီစဉ်

Wednesday, 15 August 2018 09:48 font size decrease font size decrease font size increase font size increase font size

ရန်ကုန် သြဂုတ် ၁၄

၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် လက်ထောက်ဆရာဝန် လိုအပ်ချက် ရှိသည့် ဗဟို၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်အဆင့် ဆေးရုံများ၌ လက်ထောက်ဆရာဝန် ၂ဝဝဝ ခေါ်ယူ ခန့်အပ်ရန် စီစဉ်ထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကုသရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာရန်နောင်သန်းထံမှ သိရသည်။

လက်ရှိ မြန်မာနိုင်ငံ၌ ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ ဆေးတက္ကသိုလ် (၂) ရန်ကုန်၊ မန္တလေးဆေးတက္ကသိုလ်၊ မကွေးဆေး တက္ကသိုလ်နှင့် တောင်ကြီး ဆေးတက္ကသိုလ် ငါးခုရှိပြီး နှစ်စဉ် M.B.B.S ဘွဲ့ရဆရာဝန် ၃ဝဝဝကျော် မွေးထုတ် ပေးနေသော်လည်း ဗဟိုအဆင့် ဆေးရုံများ၌ လက်ထောက် ဆရာဝန် လိုအပ်ချက်များ ရှိနေပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ဆေးရုံများ၌ လိုအပ်ချက် ပိုမိုများပြားကြောင်း သိရသည်။

''လက်ထောက်ဆရာဝန် ၂ဝဝဝ ခန့်ဖို့ စီစဉ်ထားတယ်။ ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးအဖွဲ့က နေခေါ်မယ်။ တရားဝင်စာနဲ့ ကြေညာပြီး ခေါ်မယ်။ ခေါ်မယ့်ရက် အတိအကျကို ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးအဖွဲ့နဲ့ ညှိနှိုင်းနေတုန်းပါ''ဟု ဒေါက်တာရန်နောင်သန်းက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ၌ ဆေးဝါးကုသ ပေးနေသည့် ဆရာဝန်ဦးရေ ၃ဝဝဝဝ ကျော် ရှိပြီး ယင်း၏ သုံးပုံတစ်ပုံမှာ အစိုးရ ဆေးရုံများ၌ တာဝန် ထမ်းဆောင်နေကာ လူဦးရေ တစ်သောင်းလျှင် ဆရာဝန်ဦးရေ ၆ ဒသမ ၁ ဦးနှုန်းသာ ရှိသဖြင့် ဆရာဝန် လိုအပ်ချက် မြင့်မားနေဆဲ ဖြစ်သည်။

ယခင်က နှစ်စဉ် ဆရာဝန်ဦးရေ ရာဂဏန်းသာ ခန့်ထားနိုင်ခဲ့ပြီး ယခုနောက်ပိုင်းတွင် နှစ်စဉ် ထောင်ဂဏန်းကျော် ခန့်ထားနိုင်သည်။ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ဆရာဝန်ဦးရေ ၁၄ဝဝ ကျော် ခန့်ထားနိုင်ပြီး ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ဆရာဝန်ဦးရေ ၁၇ဝဝ ခန့်ထားနိုင်ကြောင်း

သိရသည်။

Read 155 times Last modified on Wednesday, 15 August 2018 09:50