SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

တတိယအကြိမ်မြောက် ကမ္ဘာ့ဝါး အထိမ်းအမှတ်နေ့ ပြပွဲ ရန်ကုန်တက္ကသိုလ်၌ ကျင်းပမည်

Wednesday, 15 August 2018 09:52 font size decrease font size decrease font size increase font size increase font size

ရန်ကုန် သြဂုတ် ၁၄

တတိယအကြိမ်မြောက် ကမ္ဘာ့ဝါးအထိမ်းအမှတ်ပြပွဲကို ရန်ကုန်တက္ကသိုလ်ရှိ စိန်ရတုခန်းမ၌ စက်တင်ဘာ ၁၈ ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြပွဲကို မြန်မာနိုင်ငံ ကြိမ်နှင့်ဝါးလုပ်ငန်းရှင်များ အသင်းနှင့် မိတ်ဖက် အဖွဲ့အစည်းများ ဖြစ်သော Business Innovation Facility(UK Aid funded),World Wide Fund for Nature (WWF) and Regional Community ForestryTraining Center( RECOFTC) တို့က ဦးစီး ကျင်းပမည်ဖြစ်ပြီး ဝါးပြခန်း စုစုပေါင်း ၂၅ ခန်းဖြင့် ပြသရန် ပြင်ဆင်ထားသည်။

''ဒီနှစ် ဝါးအထိမ်းအမှတ်နေ့ အခမ်းအနားကို ရန်ကုန်တက္ကသိုလ်မှာ လုပ်မယ်။ ဝါးနဲ့ ပတ်သက်တဲ့ ထုတ်ကုန်ပစ္စည်းတွေ၊ ဝါးနဲ့ ပတ်သက်တဲ့ ဆောက်လုပ်ရေး ဒီဇိုင်းလေးတွေ၊ ဆောက်လုပ်ရေးနဲ့ ပတ်သက်တဲ့ နည်းပညာတွေပါမယ်။ ဝါးပင်ကို လူတွေက အလေ့ကျပေါက်တဲ့ အပင်ဆိုပြီး တန်ဖိုးထားရ ကောင်းမှန်း မသိကြဘူး။ ဒါကြောင့် ကျွန်တော်တို့က နိုင်ငံရဲ့ နေရာအနှံ့မှာ ပေါက်နေတဲ့ ဝါးပင်တွေကို တန်ဖိုးမြင့်အောင် ဖန်တီးလိုက်ရင် လူတွေအတွက် အလုပ်အကိုင်လည်း အဆင်ပြေလာမယ်။

သဘာဝပတ်ဝန်းကျင် အတွက်လည်း အကျိုးရှိလာမယ်'' ဟု မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေး အသင်းဥက္ကဋ္ဌ ဦးကျော်ဝင်းကပြောသည်။ ပြပွဲတွင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ထိုင်းအစရှိသည့် နိုင်ငံတို့မှ ပညာရှင်များကို ဖိတ်ကြားထားပြီး ယင်းပညာရှင်များက ဝါးနှင့် ပတ်သက်၍ ဟောပြောမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေး အသင်းအနေဖြင့် နေပြည်တော်နှင့် ရန်ကုန်မြို့ရှိ သင်တန်းကျောင်းများမှ သင်ကြားခြင်း အကြောင်းများ၊ မျှစ်နှင့် ပတ်သက်သည့် ထုတ်ကုန်များ အကြောင်း၊ ဝါးနှင့် ပတ်သက်သည့် လုပ်ငန်းများ အကြောင်းတို့ကို ပြန်လည် မျှဝေပေးမည် ဖြစ်ကြောင်း သိရသည်။

ဆုလာဘ်

Read 197 times Last modified on Wednesday, 15 August 2018 09:53