SJ WorldNews - шаблон joomla Авто

ဆေးရောင်ခြယ် ပြိုင်ပွဲနှင့် စကားပုံဆက် ပြိုင်ပွဲ ကျင်းပ

Thursday, 16 August 2018 11:27 font size decrease font size decrease font size increase font size increase font size

ဝေါလေမြိုင် သြဂုတ် ၁၅

မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် ကျောင်းသားလူငယ်များ စာကြည့်တိုက်ကို အသုံးပြု တတ်လာစေရန်၊ စာပေကို ပိုမို ချစ်မြတ်နိုးတတ် လာစေရန်နှင့် အသိပညာ ဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ အမြို့မြို့အနယ်နယ်ရှိ ပြည်သူ့ စာကြည့်တိုက်များ၌ ပြိုင်ပွဲများ ကျင်းပပေး လျက်ရှိရာ ကရင်ပြည်နယ် မြဝတီခရိုင် ဝေါလေမြိုင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး ကလေး စာဖတ်ခန်း၌ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စကားပုံဆက် ပြိုင်ပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီက ကျင်းပသည်။

ပြိုင်ပွဲတွင် အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဆေးရောင်ခြယ် ပြိုင်ပွဲတွင် ၁၅ ဦး၊ စကားပုံ ဆက်ပြိုင်ပွဲတွင် ၁ဝ ဦး စုစုပေါင်း ၂၅ ဦး ပါဝင် ယှဉ်ပြိုင်ကြသည်။

ထို့နောက် ဆုပေးပွဲကျင်းပရာ ဝေါလေမြိုင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစောဌေးရီက ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုများ ပေးအပ်ကြောင်း သိရသည်။

ဌေးသန်း

Read 80 times Last modified on Thursday, 16 August 2018 11:28