SJ WorldNews - шаблон joomla Авто

ပြည်တွင်း ပြည်ပ ခရီးသွားများ သမိုင်းဝင် ရှာလ်လုမ်းခံတပ်သို့ လာရောက် လည်ပတ်နိုင်

Friday, 17 August 2018 10:33 font size decrease font size decrease font size increase font size increase font size

တီးတိန် သြဂုတ် ၁၆

ချင်းပြည်နယ်သို့ လာရောက် လည်ပတ်ကြသည့် ပြည်တွင်း ပြည်ပ ခရီးသွား ဧည့်သည် များအနေဖြင့် တီးတိန်မြို့နယ် သိုင်းငင်း ကျေးရွာနှင့် ဖလမ်းမြို့အကြား ဇောင်ကောင် ကျေးရွာလမ်းခွဲမှ တစ်ဆင့် ဝေါ့လာ့ကျေးရွာမှ လေးဖာလုံခန့်အကွာ ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက ထိန်းသိမ်း စောင့်ရှောက်ထားသည့် သက်တမ်း ၁၂၉ နှစ်ရှိပြီ ဖြစ်သော သမိုင်းဝင် ရှာလ်လုမ်း ခံတပ်သို့ သွားရောက် လည်ပတ် နိုင်ကြောင်း ချင်းပြည်နယ် ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာနမှ သိရသည်။

အဆိုပါ ရှာလ်လုမ်းခံတပ်သည် ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၄၇ဝဝ တွင် တည်ရှိပြီး ရှာလ်လုမ်းခံတပ်၏ အကျယ်အဝန်းမှာ၂ ဒသမ ၇၅၅ ဧက ကျယ်ဝန်းကာ ခံတပ်ကို ကျင်းကြီး သုံးကျင်းအပြင် ကျင်းငယ်များ၊ ကြည့်ကင်းများဖြင့် ဆောက်လုပ်ထားသည်။ ခံတပ်၏ အောက်ပိုင်းတွင် လျှိုမြောင်၊ ချောင်း၊ ကမ်းပါးယံများရှိပြီး ခံတပ်က တုတ်ကျင်းများကို ချောင်း၏ တစ်ဖက်တစ်ချက်တွင် ဆောက်လုပ်ထားကာ ဆက်သွယ်ရေး ကတုတ်ကျင်းဖြင့် ဆက်သွယ် ပေးထားသည်။

ထို့ပြင် ကူလ်ပီး ခေါ် ပင်မက တုတ်ကျင်းနှင့် ချောင်းနှင့် ချောင်း၏ အရှေ့ဘက်တွင် နူပီးကူလ် ခေါ် အမျိုးသမီးများ ခံတပ်ကိုလည်း တည်ဆောက်ထားပြီး ဆက်သွယ်ရေး ကျင်း၏ အလယ်ခန့်တွင် ကူလ်ပဲင် ခေါ် နတ်ဆရာ အကြီးအကဲ နေရာယူထားသည့် ကျင်းဆောက် လုပ်ထားကာ ခံတပ်ကတုတ်ကျင်း အားလုံးကို ကျောက်တုံးကြီး များဖြင့် ကာရံ၍ အပေါ်တွင် သစ်တုံးကြီးများ၊ သစ်ခက်များ ဖုံးအုပ်ထားသည်။

ချင်းပြည်နယ်၏ အထင်ကရ နေရာတစ်ခု ဖြစ်သည့် အသည်းနှလုံး ပုံသဏ္ဌာန် ရိဒ်ရေကန် အပြင် ချင်းတိုင်းရင်းသားတို့၏ မျိုးချစ်စိတ်ကို ထင်ဟပ်စေသည့် သမိုင်းဝင် ရှာလ်လုမ်း ခံတပ်သို့ လာရောက် လည်ပတ်ပါက ခရီးသွား ဧည့်သည် များအနေဖြင့် မော်တော်ကား လမ်းကို အသုံးပြု၍ လွယ်ကူစွာ သွားလာနိုင်ရေးအတွက် ချင်းပြည်နယ် အစိုးရက စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ချင်းပြည်နယ် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ သိရသည်။

ထယ်လ်ဏ

Read 144 times Last modified on Friday, 17 August 2018 10:34