SJ WorldNews - шаблон joomla Авто

(၁၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှ အတွေ့အကြုံများအား ထပ်ဆင့် ရှင်းလင်းပွဲ ကျင်းပ

Monday, 20 August 2018 09:39 font size decrease font size decrease font size increase font size increase font size

ပဲခူး သြဂုတ် ၁၉

ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ယနေ့တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တရားရေး ဦးစီးမှူးများ၏ (၁၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှ အတွေ့အကြုံ များအား ထပ်ဆင့် ရှင်းလင်းပွဲ အခမ်းအနား ကျင်းပသည်။

ရှေးဦးစွာ ပဲခူးတိုင်း ဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးမောင်မောင်ရွှေက တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ခိုင်မာရေး၊ ဘက်လိုက်မှု ကင်းသည့် တရားစီရင်ရေး၊ အဂတိတရား ကင်းစင်သည့် တရားစီရင်ရေး ဖြစ်ပေါ်ရေး တို့အတွက် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် များအထိ အဆင့်ဆင့် တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ကြပ်မတ်ကွပ်ကဲ ဆောင်ရွက်ရန်၊ တာဝန်များ အသီးသီး ပေးအပ်ထားပြီး ဖြစ်၍ ဆင့်ကဲဆင့်ကဲ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ကြပ်မတ်ကွပ်ကဲ ဆောင်ရွက် သွားကြရန်၊ တရားစီရင်ရေး မဟာဗျူဟာ စီမံကိန်း ၂ဝ၁၅-၂ဝ၂၂ ၏ မဟာဗျူဟာ လုပ်ငန်း နယ်ပယ်-၅ တွင် နိုင်ငံတစ်ဝန်း တရားရုံးများ ၌ မှုခင်း စီမံခန့်ခွဲမှု အစီအစဉ်တစ်ရပ် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် အစီအစဉ်များ ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ၂ဝ၁၈ ခုနှစ် သြဂုတ် ၁ ရက်တွင် နိုင်ငံတစ်ဝန်း မှုခင်း စီမံခန့်ခွဲမှု အစီအစဉ်ကို သတ်မှတ် တရားရုံးများတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ တရားရုံးများသည် အမှုအခင်းများကို ကြန့်ကြာမှု မရှိစေဘဲ ဥပဒေ နှင့်အညီ မှန်မှန်နှင့် မြန်မြန်စစ်ဆေး စီရင်ဆုံးဖြတ် ပေးကြရန်နှင့် အမှန်တရားကို ဆုံးဖြတ်ပေးသည့် အငြင်းပွားမှုများကို ဖြေရှင်းပေးသည့် တရားရုံးများ ဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်သွားကြရန် စသည့် ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၏ လမ်းညွှန် မှာကြားချက်များအား ထပ်ဆင့်၍ ပြန်လည် ရှင်းလင်း ပြောကြားပြီး ရွှေကျင်မြို့နယ် ရေဘေးအတွက် အလှူငွေ ပေးအပ် လှူဒါန်းသည်။

ဆက်လက်၍ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးမောင်မောင်ရွှေက ပြန်လည် ရှင်းလင်း ဆွေးနွေးကြောင်း သိရသည်။

Read 124 times Last modified on Monday, 20 August 2018 09:40