SJ WorldNews - шаблон joomla Авто

၂၄ နာရီအတွင်း အတည်ပြုချက် မရရှိသည့် ကုမ္ပဏီ မှတ်ပုံတင်လုပ်ငန်းများ နည်းလမ်းနှစ်သွယ်ဖြင့် မေးမြန်းနိုင်

Monday, 20 August 2018 10:16 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   သြဂုတ်   ၁၉

အီလက်ထရွန်နစ် မှတ်ပုံတင်စနစ် Myanmar  Companies  Online   (MyCO) စနစ်ဖြင့် မှတ်ပုံတင်ထားသည့် လုပ်ငန်းများ ၂၄ နာရီအတွင်း အတည်ပြုချက်ရရှိစေရန် ဆောင်ရွက်ပေးမည်ဖြစ်ပြီး     မရရှိပါက နည်းလမ်းနှစ်သွယ်ဖြင့် ဆက်သွယ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း     ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးထံမှ သိရသည်။

''ဒီစနစ်က အချက်အလက်ပြည့်စုံပြီ ဆိုရင် မိမိ E-mail သို့မဟုတ် Profile  ပေါ်ကြည့် လိုက်ရင် အချက်အလက်တွေ  ၂၄  နာရီအတွင်း အားလုံးပေါ်လာပါတယ်။ အချက်အလက် အားလုံးပြည့်စုံလို့ ဒီဘက်က Approve လုပ်ပေးရင် တစ်နာရီအတွင်း ပြီးပါတယ်။ ၂၄ နာရီအတွင်း ဘာမှမတွေ့ဘူးဆိုရင် တစ်ခုခုမှားနေလို့ဖြစ်ပါတယ်။ အဲဒီလိုလွဲတာ ကျွန်တော်တို့ဘက်က ဖြစ်တာမဟုတ်ပါဘူး။ ရင်းနှီးမြှုပ်နှံသူတွေဘက်က အချက်အလက်ဖြည့်စဉ်မှာ  တစ်ခုခုကွဲလွဲနေတာကြောင့် ဖြစ်နိုင်ပါတယ်'' ဟု ဦးအောင်နိုင်ဦးကပြောသည်။

ထိုသို့  ကွဲလွဲမှုများရှိပါက  ပထမနည်း အနေဖြင့်  ဖုန်းဖြင့် ဆက်သွယ်မေးမြန်းနိုင်ပြီး ဒုတိယနည်း အနေဖြင့် အဆိုပါ ဦးစီးဌာန၏ Facebook  Messenger မှတစ်ဆင့် မေးမြန်းနိုင်ကြောင်း သိရသည်။

ဖုန်းဖြင့်ဆက်သွယ် မေးမြန်းခြင်းကို ယခင်က ဖုန်းတစ်လုံးသာရှိရာမှ ယခု ဖုန်းလေးလုံးအထိ ခွဲ၍ ထားရှိထားပြီး Facebook  Messenger ၌လည်း ကုမ္ပဏီ မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ မေးမြန်းလာသည်များကို စောင့်ကြည့် ပြန်လည်ဖြေကြားပေးရန် ရှိကြောင်း သိရသည်။

''ကုမ္ပဏီမှတ်ပုံတင်တဲ့အခါမှာ ရှယ်ယာ တစ်စုတန်ဖိုးနဲ့   ရှယ်ယာအရေအတွက်ကို မြှောက်လိုက်ရင်   မတည်ငွေရင်း တန်ဖိုးက ထွက်လာမှာပဲ။ အဲဒီတော့ ဂဏန်းတွက်တာ မှားရင်  System က လက်မခံဘူး။ ဒါကြောင့် ရှယ်ယာတစ်စုတန်ဖိုး၊  စုစုပေါင်းရှယ်ယာတန်ဖိုး၊ မတည်ငွေရင်း စုစုပေါင်းတွက်ချက်လိုက်ရင် မှန်နေရမယ်။   အဲဒီလိုမှန်နေမှ System က လက်ခံတာဖြစ်လို့ ဒီစနစ်ကို မဖြည့်သွင်းမီ  အချက်အလက် မှန်၊မမှန် ပြန်စစ်ဆေးပေးဖို့ မေတ္တာရပ်ခံပါတယ်'' ဟု ဦးအောင်နိုင်ဦးက ဆက်လက်ပြောသည်။

အကယ်၍ ကုမ္ပဏီမှတ်ပုံတင်ထားသည့် လုပ်ငန်းများ ၂၄ နာရီအတွင်း အတည်ပြုချက် မရပါက  ရင်းနှီးမြှုပ်နှံမှုနှင့်  ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ကုမ္ပဏီရေးရာဌာနခွဲ ဖုန်း ဝ၁-၆၅၇၈၉၁ သို့ တိုက်ရိုက်ဖြစ်စေ၊ ဖုန်း-ဝ၁-၆၅၈၁ဝ၃  (လိုင်းခွဲ ၁ဝ၃ ၊ ၁ဝ၄ ၊ ၁ဝ၅)  တို့သို့ ဖြစ်စေ ဆက်သွယ်နိုင်ကြောင်း သိရသည်။  

Read 132 times Last modified on Monday, 20 August 2018 10:17