SJ WorldNews - шаблон joomla Авто

သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ခြင်း ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

Monday, 03 September 2018 10:03 font size decrease font size decrease font size increase font size increase font size

ပုသိမ် စက်တင်ဘာ ၂

ဧရာဝတီတိုင်း ဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာနနှင့် J-SAT Academy တို့ ပူးပေါင်းဆောင်ရွက်သော သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ခြင်း ဆိုင်ရာဟောပြောပွဲကို ပုသိမ်မြို့ အမှတ်(၃)ရပ်ကွက် SWAM ဟိုတယ်၌ ယမန်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်က ကျင်းပကြောင်း သိရသည်။ ရှေးဦးစွာ တိုင်းဒေသကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ဇော်မိုးက အဖွင့်အမှာစကား ပြောကြားပြီး J-SAT Academy မှ အကြံပေးအရာရှိ ဒေါ်ယုယုဆွေက ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားသည်။ ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးသန်းအောင်က သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်းများအကြောင်း အသိပညာပေး ရှင်းလင်းပြောကြားသည်။ ယင်းနောက် J-SAT Academy မှ တာဝန်ရှိသူများက အရှေ့တောင်အာရှနှင့် ဂျပန်နိုင်ငံ၏ သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်းစဉ်များကို ရှင်းလင်းဟောပြောကြောင်း သိရသည်။ ထို့နောက် သက်ကြီးရွယ်အိုများနှင့် နာတာရှည် ဝေဒနာရှင်များအား အခြေခံ အဆင့်ဖြစ်သည့် ဝှီးချဲ သို့မဟုတ် ထိုင်ခုံပေါ်သို့ ရွှေ့ပြောင်းခြင်းနှင့် အဝတ်အစား လဲလှယ်ခြင်း နည်းစနစ်များကို ဂျပန်နိုင်ငံမှ သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ခြင်း ဆိုင်ရာ ကျွမ်းကျင်ပညာရှင် Ms. HAMABAWA က သရုပ်ဖော် သင်ကြားပြသပေးပြီး တက်ရောက် လာသူများကိုလည်း လက်တွေ့သရုပ်ဖော်သင်ကြား ပြသပေးသည်။ ဆက်လက်၍ အခမ်းအနားသို့ တက်ရောက် လာသူများက ဟောပြောပွဲနှင့် ပတ်သက်သည့် သိရှိလိုသည့် မေးမြန်းချက်များအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးကြောင်း သိရသည်။

Read 93 times Last modified on Monday, 03 September 2018 10:03