SJ WorldNews - шаблон joomla Авто

ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

Monday, 03 September 2018 10:05 font size decrease font size decrease font size increase font size increase font size

မြစ်ကြီးနား စက်တင်ဘာ ၂

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့မရပ်ကွက်ရှိ လူထုအခြေပြု ဗဟိုဌာန၌ ယမန်နေ့နံနက် ၉ နာရီက ပြည်နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ ကြီးမှူး၍ ၂၀၁၈ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပသည်။ ဆေးရောင်ခြယ်ပြိုင်ပွဲတွင် မြစ်ကြီးနား မြို့ပေါ်ရှိ အခြေခံပညာ ကျောင်းများမှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၄၅ ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ကျွန်မရဲ့သားက ပန်းချီအရမ်း ဝါသနာပါတော့ ဝင်ရောက်ယှဉ်ပြိုင်စေခြင်း ဖြစ်ပါတယ်။ အခုလို ပြိုင်ပွဲလေးတွေ လုပ်ပေးခြင်းဖြင့် ကလေးတွေမှာ ကျောင်းစာတွေအပြင် ပြင်ပဗဟုသုတတွေ ရရှိစေပါတယ်။ ပြီးတော့ သူတို့ကိုယ်တိုင် မိမိကိုယ်ကိုယုံကြည်မှုတွေ ရရှိလာမယ်။ အရာရာမှာ ရဲရဲဝံ့ဝံ့ လုပ်ရဲကိုင်ရဲ လာတဲ့စိတ်တွေ ဖြစ်ပေါ်လာစေမှာပါ ဟု ပြိုင်ပွဲဝင်ကျောင်းသား တစ်ဦး၏ မိခင်ဖြစ်သူ ဒေါ်မင်းမင်းအုန်းကပြောသည်။ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု ရရှိသူများကို စက်တင်ဘာ ၁၆ ရက်တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် ဆုများအသီးသီး ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

Read 159 times Last modified on Monday, 03 September 2018 10:05