SJ WorldNews - шаблон joomla Авто

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြော

Monday, 03 September 2018 10:11 font size decrease font size decrease font size increase font size increase font size

ကလိန်အောင် စက်တင်ဘာ ၂

တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ အမှတ်(၄)ရပ်ကွက်ရှိ ရတနာဂုဏ်ရည် ဘုန်းတော်ကြီးကျောင်း၌ ယနေ့ နံနက်ပိုင်းတွင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပသည်။ ရှေးဦးစွာ Total ကုမ္ပဏီ ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်း ရတနာ လူမှုစီးပွားဌာန စိုက်ပျိုးရေး တာဝန်ခံ ဦးစိုင်းစံပွင့်က သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းခြင်းတစ်ခု အနေဖြင့် မိမိဒေသ၏ ဆံတော်ရှင်ဘုရား ဧရိယာတွင် မီးတားလမ်း ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။ ထို့နောက် ကလိန်အောင်မြို့ တနင်္သာရီ သဘာဝ ကြိုးဝိုင်းစီမံကိန်းမှ တာဝန်ခံ ဦးအောင်ရဲဝင်းက သဘာဝ ထိန်းသိမ်းရေး နယ်မြေတည်ထောင် စီမံအုပ်ချုပ်ခြင်း လုပ်ငန်းစဉ် အဆင့်ဆင့်နှင့် ပတ်သက်၍လည်းကောင်း၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ နည်းဥပဒေများ အကြောင်းကို လည်းကောင်း ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ တက်ရောက်လာသော ဒေသခံ ပြည်သူများက သိရှိလိုသည်များ မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားသည်။ အဆိုပါ ဟောပြောပွဲသိွုှ့သအေူ ကုမ္ပဏီ ဇောတိကသဘာဝ ဓာတ်ငွေ့စီမံကိန်း ရတနာလူမှု စီးပွားဌာန စိုက်ပျိုးရေးတာဝန်ခံ ဦးစိုင်းစံပွင့်၊ ကလိန်အောင်မြို့ တနင်္သာရီသဘာဝ ကြိုးဝိုင်စီမံကိန်းမှ ညွှန်ကြားရေးမှူး ဦးအောင်ရဲဝင်းနှင့် ဝန်ထမ်းများ၊ ဒေသခံပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။

Read 174 times Last modified on Monday, 03 September 2018 10:12