SJ WorldNews - шаблон joomla Авто

ဆိုင်ကယ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ ယာဉ်တိုက်မှုဖြစ်

Monday, 03 September 2018 10:12 font size decrease font size decrease font size increase font size increase font size

နောင်ချို စက်တင်ဘာ ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ် ဘန့်ပွေးကျေးရွာ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ယာဉ်တိုက်မှုဖြစ်ပွားရာ နှစ်ဦးသေဆုံးကြောင်း သိရသည်။ ဖြစ်စဉ်မှာ နောင်ချိုမြို့နယ် လားရှိုး-မန္တလေးလမ်း မိုင်တိုင်အမှတ်(၆၁/၄)နှင့် (၆၁/၅)အကြား ဘန့်ပွေးကျေးရွာ၌ မန္တဘေးဘက်မှ လားရှိုးဘက်သို့ ရပ်ကွက်(၂)ဘန့်ပွေးကျေးရွာနေ ချမ်းငြိမ်းလင်း(ခ) အပုမောင်းနှင်ပြီး နောက်တွင် ရန်ကျော်ထွေး စီးနင်းလိုက်ပါလာသည့် နံပါတ်မပါ Xinanbo အမျိုးအစား ၁၂၅ နီ/နက်ကျား ဆိုင်ကယ်သည် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ မျက်နှာချင်းဆိုင်ဘက်မှ ရပ်ကွက်(၅) ဆွာမြို့ ပဲခူးတိုင်း ဒေသကြီးနေ မင်းထွဋ်ကျော် မောင်းနှင်လာသည့် ၉ူ။---- DF Nissan ၂၂ ဘီးယာဉ်၏ ဝဲဘက်နောက်ဘီးနှင့် တိုက်မိကာ ဆိုင်ကယ်တိမ်းမှောက်သွားသည်။ ထိုသို့တိမ်းမှောက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ ချမ်းငြိမ်းလင်း(ခ) အပုမှာ ဦးခေါင်းကြေမွ ဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးပြီး ရန်ကျော်ထွေးမှာ နောင်ချိုပြည်သူ့ဆေးရုံတွင် ရရှိသောဒဏ်ရာဖြင့် သေဆုံးခဲ့သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ချမ်းငြိမ်းလင်း(ခ) အပုကို နောင်ချိုမြို့မ ရဲစခန်းက ယာဉ်(ပ)၈၂/၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ၃၀၄-က/၂၇၉ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

Read 139 times Last modified on Monday, 03 September 2018 10:12