SJ WorldNews - шаблон joomla Авто

စိတ်ကြွဆေးပြားများ သယ်ဆောင်လာသူအား ဖမ်းဆီးရမိ

Monday, 03 September 2018 10:12 font size decrease font size decrease font size increase font size increase font size

မော်လမြိုင် စက်တင်ဘာ ၂

မွန်ပြည်နယ် မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက် ဖက်ခင်းလမ်းကြား၌ ယမန်နေ့ ညနေ ၅ နာရီခွဲက စိတ်ြွကဆေးပြားများ သယ်ဆောင်လာသူအား ဖမ်းဆီးရမိကြောင်း သိရသည်။ ဖြစ်စဉ်မှာ မုပွန်နယ်မြေ ရဲစခန်းမှ ဒုတိယရဲအုပ် မင်းမင်းထွန်းနှင့် တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါး သတင်းအရ သက်သေများနှင့် အတူ မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက် ဖက်ခင်းလမ်းကြား သိန်းနိမ္မိတာရုံ ကျောင်းတိုက်ရှေ့တွင် စောင့်ဆိုင်းနေစဉ် မိသားစုလမ်းဘက်မှ ဖက်ခင်း လမ်းကြားဘက်သို့ လမ်းလျှောက်လာသည့် ပုလဲ ၃ လမ်း ရှင်စောပုရပ်ကွက် ကျိုက်မရော မြို့နေ မမေဦးခင် ၂၃ နှစ်အားရှာဖွေစစ်ဆေးရာ ၎င်း၏ပခုံးတွင် လွယ်ထားသည့် ရေညှိစိမ်းရောင် မိန်းမကိုင်လွယ်ကြိုးပါ စလင်းဘတ်အိတ်အတွင်း ထည့်ထားသော ငွေစက္ကူရောရာ ငွေကျပ် ၆၇၂၀ဝ၀၊ SAMSUNG အမျိုးအစားရွှေရောင် လက်ကိုင်ဖုန်းတစ်လုံး၊ ညာဘက်လက်တွင် ကိုင်ထားသည့် Happy တံဆိပ်ပါ ဖြူ/နက်ရောင် သားရေအိတ်အတွင်း ထည့်ထားသည့် အပြာရောင်ပလတ်စတစ် ကပ်ခွာအိတ်အတွင်းမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွ ဆေးပြား ၁၉၀ ပြား၊ R စာတန်းပါ အစိမ်းရောင်စိတ်ကြွ ဆေးပြားနှစ်ပြား၊ R စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ရှစ်ပြား၊ အပြာရောင် ပလတ်စတစ် ကပ်ခွာအိတ် အတွင်းမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၈၀ ပြား၊ အစိမ်းရောင် စိတ်ကြွဆေးပြားနှစ်ပြား၊ Jinny စာတန်းပါ ပလတ်စတစ်အနီရောင် ဘူးအတွင်းမှ R စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၅၀ ပြားစုစုပေါင်း စိတ်ကြွဆေးပြား ၃၃၂ ပြားတို့ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ မေဦးခင်ကို မုပွန်နယ်မြေ ရဲစခန်းက မယ(ပ)၁၀/၂၀၁၈၊ မူး/စိတ်ဥပဒေပုဒ်မ ၁၉(က)/၂၀(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Read 178 times Last modified on Monday, 03 September 2018 10:12