SJ WorldNews - шаблон joomla Авто

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

Tuesday, 04 September 2018 09:59 font size decrease font size decrease font size increase font size increase font size

ပဲခူး စက်တင်ဘာ ၃

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ ဇိုင်းဂနိုင်း တောင်ပိုင်းရပ်ကွက် အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက ဇွဲရှေ့ဆောင် ရောင်းဝယ်ရေး သမဝါယမ အသင်းလီမိတက်၏ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပသည်။ ရှေးဦးစွာ သဘာပတိ ဦးလွင်ဦးနှင့် မြို့နယ်သမဝါယမ ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သက်သက်ဝေတို့က အမှာစကား ပြောကြားသည်။ ထို့နောက် ဇွဲရှေ့ဆောင်ရောင်းဝယ်ရေး သမဝါယမ အသင်းလီမိတက် ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာကို ဒေါ်နိုင်နိုင်ဝင်းက လည်းကောင်း၊ အသင်းသား စာရင်းစစ်အဖွဲ့၏ အစီရင်ခံစာကို ဒေါ်မေမာမွန်က လည်းကောင်း၊ မြို့နယ်သမဝါယမ ဦးစီးဌာန စာရင်းစစ်အဖွဲ့၏ အစီရင်ခံစာကို ဦးလွင်ညီညီက လည်းကောင်း ဖတ်ကြားတင်ပြကြသည်။ ဆက်လက်၍ ဒါရိုက်တာအဖွဲ့မှ အဆို တင်သွင်းခြင်းနှင့် ဆုံးဖြတ်ချက် ရယူခြင်းများ ပြုလုပ်ကြပြီး အသင်းသားများ၏ ဆွေးနွေးတင်ပြ မေးမြန်းမှုများကို တာဝန်ရှိသူများကပြန်လည်ဆွေးနွေး ရှင်းလင်းဖြေကြားကာ အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ဆုံးဖြတ်ချက်များကို ဖတ်ကြားတင်ပြ အတည်ပြုချက် ရယူကြသည်။ အစည်းအဝေးသို့ မြို့နယ်သမဝါယမ ဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဇွဲရှေ့ဆောင် ရောင်းဝယ်ရေး သမဝါယမ အသင်းလီမိတက် ဒါရိုက်တာအဖွဲ့နှင့် အသင်းသား၊ အသင်းသူများ တက်ရောက်ကြကြောင်းသိရသည်။

Read 103 times Last modified on Tuesday, 04 September 2018 09:59