SJ WorldNews - шаблон joomla Авто

ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ရေဘေးကြောင့် ပျက်စီးသွားသော နေအိမ်များကို ပြန်လည်ပြုပြင်ပေး

Tuesday, 04 September 2018 10:12 font size decrease font size decrease font size increase font size increase font size

ရေတာရှည် စက်တင်ဘာ ၃

ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲ ကျိုးပဲ့မှုကြောင့် ပဲခူးတိုင်း ဒေသကြီး ရေတာရှည်မြို့နယ် ရွှေသပြေကျေးရွာမှ ပျက်စီးသွားသော နေအိမ်များကို ယမန်နေ့က ပြန်လည် ပြုပြင်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် အုတ်တွင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူးနှင့် အဖွဲ့သည် ရွှေသပြေကျေးရွာတွင် ရေတိုက်စားမှုကြောင့် ပျက်စီးနေအိမ် ၁၅ လုံးကို အမိုးမိုးပေးပြီး နေအိမ်ခုနစ်လုံးကို တိုင်နှင့်ဒိုင်း စိုက်ထူပြီးဖြစ်သည့် အပြင် ယိုင်လဲအိမ် လေးလုံးအနက် သုံးလုံးကို ပြန်လည်တည့်မတ် ပြုပြင်ပေးကြသည်။ ထို့ပြင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် ကျွဲရိုင်းပြင်ကျေးရွာ၊ ရွာသစ်ကျေးရွာ၊ အုန်းပင်ကွေ့ကျေးရွာ၊ ဆင်ဂွေကျေးရွာတို့၌ ရေတွင်းများမှ ရေများစုတ်ထုတ်ပေးခြင်း၊ ရေသန့်ဆေးရည် ခတ်ပေးခြင်းနှင့် ကလိုရင်းထုပ်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ကြကြောင်း သတင်းရရှိသည်။

Read 141 times Last modified on Tuesday, 04 September 2018 10:12