SJ WorldNews - шаблон joomla Авто

Kangyi Paradise အဆင့်မြင့်ကမ်းခြေသစ် စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းများ စတင်

Tuesday, 04 September 2018 12:43 font size decrease font size decrease font size increase font size increase font size

ပုသိမ်   စက်တင်ဘာ  

နိုင်ငံတကာအဆင့်မီ ကမ်းခြေခရီးသွား ဒေသတစ်ခုဖြစ်ပေါ်လာစေရန်  ဧရာဝတီတိုင်း ဒေသကြီး ချောင်းသာကမ်းခြေနှင့် ငွေဆောင်ကမ်းခြေနှစ်ခုကြား၌ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဖော်ဆောင်လျက်ရှိသော Kangyi Paradise အဆင့်မြင့်ကမ်းခြေသစ် ဖော်ဆောင်ရေး စီမံကိန်းသည် ယခုအခါ တည်ဆောက်ရေးလုပ်ငန်းများ  စတင်နေပြီဖြစ်ကြောင်း Kangyi  Paradise တည်ဆောက်ရေး အထွေထွေမန်နေဂျာ    ဒေါ်ခမ်းလျှံဦး ထံမှသိရသည်။

''အခုတည်ဆောက်နေတဲ့   အဆင့်မြင့် ကမ်းခြေက ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းရဲ့ ကမ်းခြေအလှ တည်ဆောက်မှုကို မှီငြမ်းထားပြီး ဂျပန်နိုင်ငံလို လှပတဲ့ ကမ်းခြေသစ်တစ်ခုမြန်မာနိုင်ငံမှာ ပေါ်ထွက်လာစေဖို့ ရည်ရွယ်ပါတယ်။ စီမံကိန်းပြီးစီးသွားရင် ပြည်တွင်းပြည်ပ ခရီးသွားတွေအတွက် ခရီးသွားဒေသ နေရာသစ်တစ်ခု  ဖြစ်ပေါ်လာစေမှာပါ။

ဒါ့ပြင် ဒီချောင်းသာကျေးရွာအုပ်စုနဲ့ အနီးဝန်းကျင်က  ဒေသခံတွေအနေနဲ့  အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိစေဖို့ မျှော်လင့်ပါတယ်'' ဟု ဒေါ်ခမ်းလျှံဦး ကပြောသည်။

စီမံကိန်းပထမအဆင့် အနေဖြင့် Kangyi Paradise Resort & Boat Club တည်ဆောက်ရေး စီမံကိန်းသည် မြေသုံးဧကပေါ်၌  နိုင်ငံတကာအဆင့်မီ ကြယ်သုံးပွင့် အဆင့်ရှိ   နှစ်ထပ် (Block) အဆောက်အအုံ ခုနစ်လုံးကို တည်ဆောက်မည်ဖြစ်ပြီး အခန်း ၁ဝဝ ကျော် ပါဝင်မည်ဖြစ်သည်။

အခန်းအမျိုးအစား သုံးမျိုးပါဝင်မည်ဖြစ်ပြီး အကျယ်  ၄၃၅  စတုရန်းပေနှင့်  ၈၆၄ စတုရန်းပေ နှစ်မျိုးရှိပြီး  အခန်းတိုင်းတွင် ပရိဘောဂနှင့်  အခန်းတွင်းပြင်ဆင်မှုများ ပါဝင်မည်ဖြစ်သည်။ ရေကူးကန်၊ အားကစားခန်းမ၊ Family KTV ၊ Bar & Restaur-ant နှင့်   အနှိပ်ခန်းတို့  ပါဝင်မည်ဖြစ်ပြီး အခန်းများသည် ပင်လယ်မြင်ကွင်းကို ထင်ရှားစွာ တွေ့မြင်နေရမည်ဖြစ်သည်။ 

ယခုအခါ Kangyi  Paradise Resort & Boat Club တည်ဆောက်ရေး စီမံကိန်းအပိုင်းတွင် အဆောက်အအုံ Block ခုနစ်လုံးရှိရာ Block (၁) သည် ၄ဝ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်သည်။

ထိုစီမံကိန်းတွင် လုံးချင်းအိမ်ရာများကို စိမ်းလန်းမြေများပေါ်၌ ပုံစံတူဒီဇိုင်းများဖြင့် လှပစွာ တည်ဆောက်မည်ဖြစ်ပြီး စားသောက်ဆိုင်၊ ကားပါကင်၊ ကလေးကစားကွင်းနှင့် တင်းနစ်အားကစားကွင်းများ ပါဝင်မည့်အပြင် ကမ်းခြေနှင့် ပင်လယ်ကမ်းစပ် တစ်လျှောက်

တွင် စိတ်လှုပ်ရှားဖွယ်ရာ ရေလှိုင်းစီးခြင်း၊ ရေပေါ်ဆိုင်ကယ်စီးခြင်း၊ မြင်းစီးခြင်း၊ ရေပေါ်ရှပ်ပြေးယာဉ် အမျိုးမျိုးစီးခြင်း၊ Boat အမျိုးမျိုးစီးခြင်းနှင့် တခြားကစားနည်းမျိုးစုံကို ကမ်းခြေတစ်လျှောက်တွင် ကိုယ်လက်လှုပ်ရှား ကစားနိုင်မည့် အစီအစဉ်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။           

Read 197 times Last modified on Tuesday, 04 September 2018 12:43