SJ WorldNews - шаблон joomla Авто

ရန်ကုန် မိုးပျံလမ်းမကြီးအတွက် ကြိုတင် အရည်အချင်းစစ် လျှောက်လွှာများကို အောက်တိုဘာ ၃ဝ ရက် နောက်ဆုံးထား တင်သွင်းရမည်

Friday, 14 September 2018 08:51 font size decrease font size decrease font size increase font size increase font size

ရန်ကုန် စက်တင်ဘာ ၁၃

ရန်ကုန် မိုးပျံလမ်းမကြီးအတွက် ကြိုတင် အရည်အချင်းစစ် လျှောက်လွှာများကို အောက်တိုဘာ ၃ဝ ရက် နောက်ဆုံးထား တင်သွင်းရမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။

မိုးပျံလမ်းမကြီး စီမံကိန်းကို ၂ဝ၁၉ ခုနှစ်တွင် စတင် အကောင်အထည်ဖော်မည် ဖြစ်ပြီး သုံးနှစ်အတွင်း အပြီးတည်ဆောက်မည် ဖြစ်သည်။ ယင်းစီမံကိန်း လုပ်ကိုင်ခွင့်ရ ကုမ္ပဏီကို ရွေးချယ်နိုင်စေရန် ကြိုတင် အရည်အချင်းစစ် လျှောက်လွှာများကို စတင် တင်သွင်းခွင့် ပြုထားကြောင်း၊ ယင်းတို့ထဲမှ အရည်အချင်း ပြည့်မီသူများကိုသာ စီမံကိန်း အဆိုပြုလွှာ တင်သွင်းခွင့် ပြုပေးမည် ဖြစ်ကြောင်းနှင့် စိတ်ဝင်စားသော ကုမ္ပဏီများ အနေဖြင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတွင် အမေရိကန်ဒေါ်လာ ၁၅ဝဝ ပေးသွင်းပြီး လျှောက်လွှာ ဝယ်ယူနိုင်ကြောင်း သိရသည်။

ပြည်တွင်း သို့မဟုတ် ပြည်ပမှ စိတ်ဝင်စားမှု ရှိသော လုပ်ငန်းရှင်များ အနေဖြင့်  Request For Qualifications တွင် ပါဝင်သော စံချိန်စံညွှန်းများ အတိုင်းသာ အဆိုပြုလွှာ တင်သွင်းနိုင်မည် ဖြစ်သည်။ ဆောက်လုပ်ရေး ဝန်ကြီးဌာန အနေဖြင့် ရန်ကုန် မိုးပျံအမြန်လမ်းမ စီမံကိန်းကို ဗိုလ်တထောင်ဘုရားလမ်းနှင့် ကမ်းနားလမ်းထောင့် မှစ၍ ဗိုလ်တထောင် ဘုရားလမ်း၊ ဗိုလ်ချုပ်လမ်း၊ ပုဇွန်တောင်၊ မြောက်ဥက္ကလာပ၊ ခရေပင်လမ်း၊ အောက်မင်္ဂလာဒုံလမ်း၊ ဘုရင့်နောင်လမ်း၊ ကြည့်မြင်တိုင်လမ်း တို့ကို ဖြတ်သန်း၍ ပန်းလှိုင်လမ်းထောင့်၌ လမ်းဆုံးမည် ဖြစ်သည်။

မိုးပျံလမ်းမကြီး၏ အရှည်မှာ ၄၇ ကီလိုမီတာခန့် ရှည်လျားမည် ဖြစ်ပြီး ပြည်တွင်းပြည်ပရှိ ကုမ္ပဏီပေါင်း ၅၃ ခုက စီမံကိန်းလုပ်ငန်း ပထမအဆင့်အတွက် စိတ်ဝင်စားမှု ဖော်ပြခြင်း လျှောက်လွှာကို တင်ပြထားကြောင်း သိရသည်။

စိုးမိုး

Read 65 times Last modified on Friday, 14 September 2018 08:52