SJ WorldNews - шаблон joomla Авто

မြန်မာ့ ရေပိုင်နက်၌ ပလတ်စတစ် ပါဝင်မှု လေ့လာမည့် နော်ဝေနိုင်ငံမှ သုတေသန ရေယာဉ် MIP ဆိပ်ကမ်းသို့ ရောက်ရှိ

Friday, 14 September 2018 08:52 font size decrease font size decrease font size increase font size increase font size

ရန်ကုန် စက်တင်ဘာ ၁၃

မြန်မာ့ ရေပိုင်နက် အတွင်းရှိ ငါးသယံဇာတ ပမာဏ သိရှိနိုင်ရန်နှင့် ပလတ်စတစ် ပါဝင်မှု လေ့လာရန် နော်ဝေနိုင်ငံမှ သုတေသနရေယာဉ် Dr.Fridtjof Nansen သည် ယမန်နေ့က ရန်ကုန်မြို့ရှိ MIP ဆိပ်ကမ်းသို့ ဆိုက်ရောက် လာကြောင်း သိရသည်။

အဆိုပါ သုတေသန ရေယာဉ်သည် မြန်မာ့ ရေပိုင်နက်အတွင်း သြဂုတ် ၂၂ ရက်က ဝင်ရောက် ခဲ့ပြီး သြဂုတ် ၂၄ ရက်မှ စက်တင်ဘာ ၁၁ ရက်အထိ ရခိုင်ကမ်းရိုးတန်းနှင့် ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသ တို့၌ ပထမ အကျော့အဖြစ် သုတေသန ဆောင်ရွက်ကာ ရန်ကုန်မြို့၌ ခေတ္တရပ်နားခြင်း ဖြစ်သည်။

စက်တင်ဘာ ၁၄ ရက်မှ ၂၉ ရက်အထိ တနင်္သာရီ ကမ်းရိုးတန်း၌ သုတေသန လုပ်ငန်းများ ဆက်လက် ဆောင်ရွက်မည် ဖြစ်ပြီး မြန်မာနိုင်ငံ ခရီးစဉ်၌ စုစုပေါင်း ၃၃ ရက် ကြာမြင့်မည် ဖြစ်သည်။

Dr.Fridtjof Nansen သုတေသန ရေယာဉ်သည် မြန်မာနိုင်ငံသို့ FAO စီမံကိန်း အဖြစ် ပဉ္စမအကြိမ် လာရောက်ခြင်းဖြစ်ပြီး ငါးသယံဇာတ တည်ရှိမှု ပမာဏ (Bio-Mass) တိုင်းတာခြင်း၊ ရေငန်ဂေဟဆိုင်ရာ အချက်အလက်များကို သုတေသနပြု ဆောင်ရွက်မည့် အပြင် ပင်လယ်ရေပြင်အတွင်း ပလတ်စတစ် ပါဝင်မှု လေ့လာခြင်း (Plastic Pollution) နှင့် ငါးများ၏ ဥနှင့် သားလောင်းများ (Egg and Larvae Distribution) ပျံ့နှံ့တည်ရှိ မှုများကို သုတေသနပြုမည် ဖြစ်သည်။

''အခုအစီအစဉ်က နော်ဝေနိုင်ငံရဲ့ အထောက်အပံ့နဲ့ လုပ်တာပါ။ ပညာရှင် ၃ဝ ပါပေမယ့် နော်ဝေနိုင်ငံက ရှစ်ယောက်ပဲပါတယ်။ ကျန်တဲ့သူတွေ ကတော့ မော်လမြိုင် ရေကြောင်းသိပံ္ပ၊ ပုသိမ်ရေကြောင်းသိပံ္ပ၊ မြိတ်ရေကြောင်းသိပံ္ပနဲ့ ငါးလုပ်ငန်း ဦးစီးဌာနက ပညာရှင်တွေ ပါတယ်။ နောက်ပြီး တပ်မတော်(ရေ)က ပညာရှင်တွေ ပါတယ်'' ဟု ငါးလုပ်ငန်း ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထွန်းသိန်းက ပြောသည်။

သုတေသနရေယာဉ် Dr.Fridtjof Nansen လာရောက်ခြင်းကြောင့် မြန်မာနိုင်ငံ ကမ်းရိုးတန်း ဒေသ၏ တည်ရှိသောနေရာ ပုံဖော်ခြင်းနှင့် အဏ္ဏဝါပြင် ဂေဟဗေဒစနစ် ကို လေ့လာစစ်တမ်း ကောက်ယူနိုင်မည် ဖြစ်ကာ အဏ္ဏဝါ သယံဇာတများ၏ အခြေအနေကို ပိုမို သိရှိနိုင်မည် ဖြစ်သည်။ ထို့ပြင် မြန်မာ့ပင်လယ်ပြင်ရှိ ငါးသယံဇာတများအား နှစ်ပေါင်းများစွာ စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်ရေးနှင့် ငါးလုပ်ငန်း စီမံခန့်ခွဲနိုင်ရန် မရှိမဖြစ် လိုအပ်သော သတင်း အချက်အလက်များကို အဓိက ပံ့ပိုးပေးနိုင်မည့် အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်သည်။ အဆိုပါ သုတေသန ရေယာဉ်သည် စက်တင်ဘာ ၂၉ ရက်အထိ တနင်္သာရီကမ်းရိုးတန်း ဒေသများ၌ သုတေသနလုပ်ငန်းများ ဆောင်ရွက်ပြီး ထိုင်းနိုင်ငံသို့ ဆက်လက် ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။

ဝန်းရံခ

Read 65 times Last modified on Friday, 14 September 2018 08:53