SJ WorldNews - шаблон joomla Авто

လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန သတင်းထုတ်ပြန်ချက် အခမ်းအနား ကျင်းပ

Friday, 14 September 2018 08:53 font size decrease font size decrease font size increase font size increase font size

နေပြည်တော် စက်တင်ဘာ ၁၃

လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန သတင်းထုတ်ပြန်ချက် (၈/၂ဝ၁၈) အခမ်းအနားကို ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန ရုံးအမှတ်(၂၇)၌ ကျင်းပသည်။

ရှေးဦးစွာ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးဌေးအောင်က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနအနေဖြင့် လက်ရှိ ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ရှေ့ဆက် ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်း ဆွေးနွေးသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ၂၃ဝ ကေဗွီ ဓာတ်အားခွဲရုံ၌ တိုးချဲ့တပ်ဆင်သည့် 230/66/11 KV. 100 MVA Transformer မှ ဓာတ်အား ပို့လွှတ်ထားရှိမှု အခြေအနေ၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနမှ တာဝန်ယူ ထိန်းသိမ်း လျက်ရှိသော ရေလှောင် တမံများ၏ ကြံ့ခိုင်မှု အတွက် ဆောင်ရွက်ထားမှု အခြေအနေ၊ တီကျစ် ကျောက်မီးသွေး သုံးဓာတ်အားပေး စက်ရုံ အကြောင်း သိကောင်းစရာ၊ ပဲခူးတိုင်း ဒေသကြီး (အရှေ့) တောင်ငူခရိုင် ရေတာရှည် မြို့နယ်ရှိ ဆွာချောင်း ရေလှောင်တမံ ရေပိုလွှဲ ကျိုးပဲ့မှုကြောင့် ပျက်စီး ဆုံးရှုံးမှုနှင့် ဓာတ်အား ပြန်လည် ရရှိရေး ဆောင်ရွက် ထားရှိမှု အခြေအနေ၊ ကရင်ပြည်နယ် ဘားအံခရိုင် သံတောင်ကြီးမြို့နယ် လိပ်သိုမြို့ပေါ်နှင့် အနီးအနား ကျေးရွာ များအား ဓာတ်အားစနစ်မှ ၂၄ နာရီဓာတ်အား ဖြန့်ဖြူး ပေးနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေ၊ ရန်ကုန်တိုင်း ဒေသကြီး အတွင်း ဓာတ်အား ပြတ်တောက်မှု လျော့နည်း စေရေးနှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ကြိုးပမ်း ဆောင်ရွက်မှု အခြေအနေ၊ ပြင်ဦးလွင်ခရိုင်အတွင်း တကောင်းဒေသသို့ နိုင်ငံတော် ဓာတ်အားစနစ်မှ ဓာတ်အား ပို့လွှတ် ဆောင်ရွက်မည့် အခြေအနေ၊ ၂ဝ၁၈ ခုနှစ် ဘဏ္ဍာရေးနှစ် Mini Budget တွင် Corporate Social Responsibility(CSR) Program ဖြင့် သက်ဆိုင်ရာ ဒေသများရှိ လူမှုစီးပွားဘဝ လုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေ၊ ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းကြီးမြင့် နေခြင်းအား လျှော့ချနိုင်ရေး ဆောင်ရွက်မှု အခြေအနေ၊ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အတွင်းရှိ သံစစ်မြစ်အတွင်း မြစ်ရေပြင် အရောင်အဆင်း ပြောင်းလဲမှု ဖြစ်စဉ်အပေါ် ရှင်းလင်း တင်ပြခြင်း၊ ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ စည်းကမ်းချက်များ ရှင်းလင်း တင်ပြခြင်း များနှင့် စပ်လျဉ်း၍ သတင်း ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးဌေးအောင်နှင့် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေး အဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သတင်းမီဒီယာ သမားများ တက်ရောက် ကြောင်း သိရသည်။

Read 17 times Last modified on Friday, 14 September 2018 08:53