SJ WorldNews - шаблон joomla Авто

နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ကမ္ဘာ့ဘဏ်မှ ဌာနေ ကိုယ်စားလှယ် အဖွဲတို့ တွေ့ဆုံဆွေးနွေး

Wednesday, 19 September 2018 09:27 font size decrease font size decrease font size increase font size increase font size

နေပြည်တော် စက်တင်ဘာ ၁၈

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ကမ္ဘာ့ဘဏ် (World Bank)မှ ဌာနေကိုယ်စားလှယ် Ms. Ellen Goldstein နှင့် အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် တိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်သွားမည့် အခြေအနေများ၊ UN ၊ NGOs၊ INGOs အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများ၊ နိုင်ငံတော်အစိုးရမှ ရခိုင်ပြည်နယ် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် စီမံချက်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ဖွင့်လှစ် သင်ကြားလျက်ရှိသော အသက်မွေးလုပ်ငန်း ပညာသင်တန်း ကျောင်းများကို အဆင့်မြှင့်တင်ရေး လုပ်ငန်းများနှင့် ဘိန်းအစားထိုး စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများတွင် ကမ္ဘာ့ဘဏ် အနေဖြင့် ပူးပေါင်းကူညီ ဆောင်ရွက်ရေး တို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

Read 194 times Last modified on Wednesday, 19 September 2018 09:34