SJ WorldNews - шаблон joomla Авто

YBS ယာဉ်လိုင်းများ လုပ်ငန်းလိုင်စင် စနစ်သစ်ဖြင့် အောက်တိုဘာလမှစ၍ ဆောင်ရွက်မည်

Wednesday, 19 September 2018 10:43 font size decrease font size decrease font size increase font size increase font size

ရန်ကုန် စက်တင်ဘာ ၁၈

အောက်တိုဘာလမှစ၍ YBS ယာဉ်လိုင်းများ ခရီးသည်တင် လုပ်ငန်းလိုင်စင် စနစ်သစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင်ထံမှ သိရသည်။

လိုင်စင်အားလုံးကို အော်ပရေတာ လိုင်စင်အမည်ရှိ လိုင်စင်သစ် ပြောင်းလဲမည် ဖြစ်ပြီး YBS ယာဉ်လိုင်းလုပ်ငန်း လိုင်စင်များ မှတ်ပုံတင်ခြင်းကို ပြန်လည် လုပ်ကိုင်ရမည်ဖြစ်ကြောင်း သိရသည်။

''လုပ်ငန်းလိုင်စင်က ပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်မှာ ဆိုတော့ လုပ်ငန်း လိုင်စင်ပိုင်းမှာ YRTA နဲ့ ပို့ဆောင်ရေး ဝန်ကြီးဌာနတို့ ပေါင်းစပ်လုပ်ဆောင်ရမယ်။ လိုင်စင်သက်တမ်းကို ပုံမှန်အားဖြင့် တစ်နှစ်သတ်မှတ်ထားတယ်'' ဟု ဒေါက်တာ မောင်အောင်က ပြောသည်။

ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် YBS ခရီးသည်တင် တစ်ဦးချင်းပိုင် ယာဉ်လိုင်းများ (ခ) ခရီးသည်တင် လုပ်ငန်းလိုင်စင် လုပ်ဆောင်ရာတွင် အောက်တိုဘာလမှစ၍ YRTA မှ သတ်မှတ်ထားသည့် ကုမ္ပဏီယာဉ်လိုင်းနှင့် ချိတ်ဆက် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ အသိပေးထားသည်။

''အရင်စနစ်က ကား ၁ဝ စီးရှိမယ်ဆိုရင် ပိုင်ရှင် ၁ဝ ယောက်စလုံးလုပ်ငန်း လိုင်စင်ရုံးမှာ သက်တမ်းသွားတိုးရတယ်။ အခုစနစ်က ပိုင်ရှင်အားလုံးအတွက် အော်ပရေတာ တစ်ယောက်တည်းက ပဲသွားပြီး လုပ်ငန်းလိုင်စင် လုပ်လို့ရတယ်။ အခုစနစ်က အချိန်ကုန်သက်သာ သွားတယ်'' ဟု Power Eleven ကုမ္ပဏီအုပ်ချုပ်မှု ဒါရိုက်တာကို တရုတ်လေးကပြောသည်။

ခရီးသည်တင် YBS ယာဉ်လိုင်းများ အနေဖြင့် လုပ်ငန်းလိုင်စင်များကို တစ်နှစ်တစ်ကြိမ် ပြုလုပ်ရန် သတ်မှတ်ထားပြီး လက်ရှိခရီးသည် တင်ယာဉ်လိုင်းပေါင်း ၉ဝ မှ ယာဉ်အစီးရေ ခြောက်ထောင်ကျော်ဖြင့် ပြေးဆွဲနေကြောင်း သိရသည်။ ကျော်ကို

Read 65 times Last modified on Wednesday, 19 September 2018 10:44