SJ WorldNews - шаблон joomla Авто

ရခိုင်ပြည်နယ်အတွင်းမှ ကျွဲနွားများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ဇွန်လမှစတင်၍ တင်ပို့မှုများ ရှိလာ

Friday, 05 October 2018 09:47 font size decrease font size decrease font size increase font size increase font size

စစ်တွေ အောက်တိုဘာ ၎

ရခိုင်ပြည်နယ်မှကျွဲ၊ နွားများကို ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ယခုနှစ် ဇွန်လမှ စတင်၍ တင်ပို့ လျက်ရှိရာ စက်တင်ဘာ လကုန်ပိုင်းအထိ ကျွဲ၊ နွား စုစုပေါင်း ၂၅၅ ကောင်ကို တရားဝင် တင်ပို့ နိုင်ခဲ့ကြောင်း ပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

''ကျွဲ၊ နွားများကို ဇွန်လမှာ အကောင် ၁ဝဝ၊ သြဂုတ်လမှာ အကောင် ၁ဝဝ နဲ့ စက်တင်ဘာ လမှာ ၅၅ ကောင် စုစုပေါင်း ၂၅၅ ကောင် တရားဝင် တင်ပို့နိုင်ခဲ့ပါတယ်''ဟု ပြည်နယ် မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာ သန်းနိုင်က ပြောသည်။

ယခင်နှစ်များအတွင်းက နိုင်ငံခြားသို့ ကျွဲ၊ နွားတင်ပို့ခြင်း မရှိသော်လည်း ယခုနှစ်ဇွန်လမှစ၍ မာန်အောင်မြို့မှကုမ္ပဏီနှစ်ခုက ကျွဲ၊ နွားတစ်ကောင်လျှင် ဒေါ်လာ ၁၂ဝဝ နှုန်းဖြင့် တင်ပို့ နေခြင်း ဖြစ်သည်။

''ကျွဲ ၊ နွားတင်ပို့တဲ့အခါ ကုန်သွယ် အခွန်ခအနေနဲ့ နှစ်ရာခိုင်နှုန်း သတ်မှတ်ပြီးတော့ တစ် ကောင်ကို နိုင်ငံတော်အနေနဲ့ ဒေါ်လာ ၁၂ဝဝ သတ်မှတ်ထားပါတယ်။ ကျွဲနွားတွေရဲ့အသက် အရွယ်ကို ကျတော့ အထီးဆိုရင် ငါးနှစ်နှင့် အထက်ပေါ့။ ဒါပေမဲ့ သင်းကွပ်ပြီး သားဖြစ်ရမယ်။ အမကိုတော့ လုံးဝမပို့ပါဘူး။ မျိုးပွားခြင်း လုပ်လို့မရအောင်ပါ''ဟု ပြည်နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံခြားတိုင်းပြည်များသို့ ကျွဲ၊ နွားတိရစ္ဆာန်များ တရားဝင်တင်ပို့ခြင်းကို ၂ဝ၁၇ ခုနှစ် အောက်တိုဘာလပိုင်း အတွင်းမှစတင်ကာ တစ်နှစ်စမ်းသပ်ကာလအဖြစ် အစိုးရ က စတင် ခွင့်ပြုပေးခြင်းဖြစ်ကြောင်း သိရသည်။

(၄ဝ၈)

Read 106 times Last modified on Friday, 05 October 2018 09:48