SJ WorldNews - шаблон joomla Авто

နိုင်ငံပေါင်း ရှစ်နိုင်ငံ ပါဝင်သော Myanmar Build and Decor 2018 ပြပွဲ ကျင်းပ

Friday, 05 October 2018 09:51 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  အောက်တိုဘာ 

ငါးကြိမ်မြောက် Myanmar Build and Decor 2018 ပြပွဲကို ယနေ့တွင် ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ Myanmar Event Park ၌ ကျင်းပရာ နိုင်ငံပေါင်း ရှစ်နိုင်ငံ အပါအဝင် ပြည်တွင်းပြည်ပ အိမ်တွင်း ဒီဇိုင်းလုပ်ငန်း၊ ဆောက်လုပ်ရေးပစ္စည်းနှင့် အိမ်တွင်းအလှဆင် ပရိဘောဂ လုပ်ငန်းပေါင်း ၁ဝဝ ကျော် ပါဝင်ပြသကြောင်း သိရသည်။

အဆိုပါ  အခမ်းအနားသို့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI )ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်း(MCEA) မှ ဒုတိယဥက္ကဋ္ဌများ၊ မြန်မာ AGTIအသင်း၊ မြန်မာနိုင်ငံ ဗိသုကာအသင်းနှင့် နိုင်ငံတကာမှ ပညာရှင်များ၊ လုပ်ငန်းရှင်များ တက်ရောက်ကြပြီး ပြခန်းများအတွင်း လှည့်လည်ကြည့်ရှု အားပေးကြကြောင်း သိရသည်။

ထိုပြပွဲတွင် ပြည်တွင်းမှ ဆောက်လုပ်ရေး လုပ်ငန်းများ၊ ဗိသုကာနှင့် ဒီဇိုင်းလုပ်ငန်း၊ အိမ်တွင်းအလှဆင် လုပ်ငန်း၊ ပရိဘောဂ လုပ်ငန်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းပြခန်းများသာမက ဂျပန်၊ စင်ကာပူ၊ ထိုင်း၊မလေးရှား၊  တရုတ်(တိုင်ပေ)၊ တောင်ကိုရီးယား၊ တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့မှ လုပ်ငန်းများလည်း ပါဝင်ပြသကြကြောင်း သိရသည်။

ပြပွဲနှင့်အတူ လာရောက်လေ့လာသော လုပ်ငန်းရှင်များ၊  ပရိသတ်များ အနေဖြင့် မြန်မာ AGTI အသင်းမှ   တင်သွင်းသော Construction  Towards  the  Climate Change စာတမ်း၊ မြန်မာဗိသုကာ အသင်းနှင့် မြန်မာနိုင်ငံ ဗိသုကာကောင်စီမှ တင်သွင်းသော Architecture for People စာတမ်းနှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းမှ တင်သွင်းသော င်္ Federation  of MCEA စာတမ်းတို့ကို ဖတ်ကြားမည်ဖြစ်သည်။ 

ရာသီဥတု ပြောင်းလဲမှုကြောင့် ဆောက်လုပ်ရေး လုပ်ငန်းများအပေါ် ဂယက်ရိုက်နေမှုများ၊  မြန်မာနိုင်ငံ၏  ဗိသုကာပညာရပ်၊ ပုဂံစာရင်းအင်း ကောက်ယူခြင်း၊ရန်ကုန်အနာဂတ်နှင့် အတိတ်   စွမ်းအင်ချွေတာ ထိရောက်မှုရှိသော ဆောက်လုပ်ရေး လုပ်ငန်းများ အကြောင်းနှင့် ဖန်တီးဆန်းသစ်မှု ရှိသော ဆောက်လုပ်ရေး နည်းပညာများ အကြောင်းကို ပညာရှင်များက  ဆွေးနွေးကြမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ အနာဂတ် ဆောက်လုပ်ရေး လုပ်ငန်းကဏ္ဍသည် ၂ဝ၁၆ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အထိ နှစ်စဉ် ၁ဝ ဒသမ ၃၇ ရာခိုင်နှုန်း တိုးတက်မှုရှိမည်ဟု  ခန့်မှန်းထားပြီး ၂ဝ၂ဝ ပြည့်နှစ်တွင် ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၅ ဘီလီယံစာ ရှိမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။ 

ထိုပြပွဲများကို ၂ဝ၁၄ ခုနှစ်မှစ၍ ၂ဝ၁၇ ခုနှစ်အထိ လေးကြိမ် ကျင်းပနိုင်ခဲ့ပြီး ဆောက်လုပ်ရေး လုပ်ငန်းနယ်ပယ်မှ လာရောက်လေ့လာသူ ပေါင်း ၅၁၁၉ ဦး၊ ပြင်ပမှစိတ်ဝင်စားသူပေါင်း ၅ဝဝဝ ဦးကျော် လာရောက် လေ့လာကြကြောင်း သိရသည်။ အဆိုပါပြပွဲကို အောက်တိုဘာ ၆ ရက်အထိ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

Read 46 times Last modified on Friday, 05 October 2018 09:53