SJ WorldNews - шаблон joomla Авто

ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက် သမားများ၏ အကြမ်းဖက်တိုက် ခိုက်မှုလုပ် ရပ်များ သိရှိ နိုင်ရန် ပြည်တွင်းပြည်ပ မီဒီယာများ ပါဝင်သော သတင်းအဖွဲ့ မောင်တောမြို့၌ ဒုတိ ယ အကြိမ် သတင်းရယူ

Thursday, 07 September 2017 09:54 font size decrease font size decrease font size increase font size increase font size

မောင်တော  စက်တင်ဘာ 

ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်း ဖက်သမားများ၏ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော ဒေသ အတွင်း အကြမ်းဖက်တိုက် ခိုက်မှုဖြစ်စဉ်များနှင့်စပ်လျဉ်း၍ သတင်းများ ရယူနိုင်ရန်

ပြန်ကြားရေး ဝန်ကြီးဌာနမှ တာဝန် ရှိသူများနှင့် အတူ ပြည်တွင်းပြည်ပ မီဒီယာများပါဝင်သော သတင်းအဖွဲ့သည် ယနေ့ နံနက် ၇ နာရီခွဲတွင် စစ်တွေမြို့မှ အမြန်ရေ ယာဉ်ဖြင့်လိုက်ပါပြီး  ဘူး သီးတောင်မြို့မှ တစ်ဆင့် မောင်တောမြို့သို့ မွန်းလွဲပိုင်းတွင် ရောက်ရှိကြသည်။

သတင်းအဖွဲ့အား   မောင်တောခရိုင်အုပ်ချုပ်ရေးမှူးရုံး၌ ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ် ရေး ရာ ဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့် နှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်တို့က ဒေသ အခြေအနေနှင့် စပ် လျဉ်း ၍ ရှင်းလင်းပြောကြား ပြီး သတင်းအဖွဲ့၏မေးမြန်းမှုများကို ဖြေကြား ကြသည်။

ယင်းနောက် သတင်းအဖွဲ့သည် နေရပ် စွန့်ခွာထွက်ပြေးတိမ်းရှောင်လာသော ဟိန္ဒူ ဘာသာ ဝင် များ ခေတ္တခိုလှုံနေသည့် မောင် တောမြို့ မြို့မအရှေ့ရပ်ကွက်ရှိ အမှတ် (၄) အခြေခံ ပညာ အ လယ်တန်းကျောင်းခွဲသို့ သွားရောက်သတင်းရယူကြသည်။

အဆိုပါနေရာ၌ ဟိန္ဒူဘာသာဝင် အိမ် ထောင်စု ၆၅ စုမှ လူဦးရေ ၃၄၈ ဦး ခေတ္တ ခိုလှုံနေပြီး ၎င်းတို့နေအိမ်များအား ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက် သမားများက မီးရှို့ခြင်းနှင့် လူ အုပ် စုဖြင့်ရန်ပြုလာခြင်းတို့ကြောင့် ၎င်းတို့နေထိုင်ရာ ရပ်ကွက်(၄)မှ ရွှေ့ပြောင်း လာကြခြင်း ဖြစ်ကြောင်း သိရသည်။ထို့နောက် သတင်းအဖွဲ့များသည် ရွှေဇား ကပ္ပကောင်းကျေးရွာအုပ်စု ဂုံ နားကျေးရွာ သို့ သွား ရောက် သတင်းယူကြသည်။

အဆိုပါကျေးရွာအုပ်စုမှာ တည်ငြိမ်အေး ချမ်းပြီး ARSA  အစွန်းရောက်ဘင်္ဂါလီအကြမ်း ဖက် သ မားများ မရှိကြောင်း၊ ကျေးရွာ အတွင်း ပုံမှန် အတိုင်းသွားလာလျက် ရှိကြောင်းနှင့် ယင်း ကျေးရွာ အုပ်စုတွင် အစ္စလာမ်ဘာသာဝင် ၁၄ဝဝဝ ခန့် နေထိုင်ကြကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

ဆက်လက်၍ မောင်တော မြို့မကညင် တန်းရပ်ကွက်ရှိ ဇောတိကာရုံဘုန်းကြီးကျောင်း အနီး မီးလောင် ပျက်စီးနေသော နေအိမ်များကို ဓာတ်ပုံ မှတ်တမ်းရယူကြသည်။ ယင်းနောက် ဇောတိ ကာ ရုံ ဘုန်းကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးဇောတိကနှင့် တွေ့ဆုံမေးမြန်း သတင်းရ ယူခဲ့ကြ ကြောင်း သိရသည်။

Read 332 times Last modified on Thursday, 07 September 2017 09:58