SJ WorldNews - шаблон joomla Авто

လတ်တလောဖြစ်ပေါ်နေသည့် လေပွေလှိုင်းကြောင့် အန္တရာယ်မတွေ့ကြုံစေရန် မြစ်ကူးသမ္ဗန်များကို ကြပ်မတ်လျက်ရှိ

Tuesday, 23 October 2018 10:19 font size decrease font size decrease font size increase font size increase font size

ရန်ကုန် အောက်တိုဘာ ၂၂

လတ်တလောဖြစ်ပေါ်နေသည့် အရှေ့ လေပွေလှိုင်းများ၏အရှိန်ကြောင့် မိုးသည်း ထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်ပါက မလိုလားအပ်သော အန္တရာယ်များမတွေ့ ကြုံစေရန် ရန်ကုန်-ဒလ မြစ်ကူးသမ္ဗန်များ ကို ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါသမ္ဗန်ဂိတ်များမှ သိရသည်။

''လတ်တလောဖြစ်နေတဲ့ ရာသီဥတု အခြေအနေကိုနားစွင့်ဖို့၊ ညွှန်ကြားချက်တွေ အတိုင်းလိုက်နာဆောင်ရွက်ဖို့ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးမှူးရုံးကနေ အကြောင်း ကြားလာတာတွေရှိသလို စက်တပ်သမ္ဗန် မောင်းနေတဲ့ လုပ်သားတွေအနေနဲ့ လိုက်နာ နိုင်ဖို့ ကြပ်မတ်နေပါတယ်''ဟု ကီလီလမ်း အနီးမှ ဒလဘက်ကမ်းသို့ကူးသော စက်တပ် သမ္ဗန်ဂိတ်မှူးတစ်ဦးက ပြောသည်။

ယခင်က ရုံးတက်၊ ရုံးဆင်းချိန်များတွင် သာ သမ္ဗန်စီးနင်းသူများသော်လည်းယခုအခါ ပွဲတော်ကာလဖြစ်၍ စီးနင်းသွား လာသူများသဖြင့် မလိုလားအပ်သော အန္တရာယ်များမတွေ့ကြုံစေရန် ကြပ်မတ် ဆောင်ရွက်နေခြင်းဖြစ်သည်။ ''သမ္ဗန်ထွက်ခွာနေရင်း လေပြင်းတိုက် တာတို့၊ မိုးတွေသည်းကြီးမည်းကြီး ရွာချတာ တို့ ကြုံလာရင် ခရီးသည်တွေအန္တရာယ် မဖြစ်အောင် ထိန်းကျောင်းပြီး နီးစပ်ရာမှာ အလျင်အမြန်ခိုလှုံနိုင်ဖို့ ဂိတ်ကနေအကြောင်း ကြားထားတာရှိပါတယ်။ ဒီနေ့တော့ လေ သိပ်မတိုက်ဘူး။ မိုးတအားရွာနေတယ်။ မနေ့က လေပြင်းတွေတော်တော်တိုက် တယ်''ဟု သမ္ဗန်လုပ်သား ဦးစိုးဝင်းကပြော သည်။

ပန်းဆိုးတန်းနှင့် ဒလဆိပ်ကမ်းကို ပြည် တွင်းရေကြောင်းပိုင် ရေယာဉ်ကြီးများဖြင့် ပြေးဆွဲနေသည့်အပြင် ဗိုလ်တထောင်နှင့် ဒလမြို့ရှိ အံ့ကြီး၊ သမ္မတကမ်းခြေ၊ စဥ့်အိုး တန်းနှင့် ဒလမြို့ရှိ ဆာပါချောင်ဆိပ်ကမ်း တို့ကို Water Bus များ ပြေးဆွဲနေသော် လည်း လိုအပ်သည့်အချိန်တိုင်း စောင့်ဆိုင်း စရာမလိုဘဲ ချက်ချင်းသွားနိုင်သည့်အပြင် ဒလဘက်ခြမ်းရှိ နေအိမ်အနီး ချောင်းရိုးများ အထိ ရောက်အောင်သွားနိုင်သည့် စက်တပ် သမ္ဗန်များမှာလည်း စီးနင်းသူလျော့ကျ မသွားကြောင်း သိရသည်။

ရာသီဥတုဆိုးရွားချိန်တွင် သတိပြုကာ သမ္ဗန်ပြေးဆွဲခြင်းမပြုဘဲ ရပ်နားရန်လည်း သတိပေးကြပ်မတ်မှုများရှိနေကြောင်း သိရ သည်။

ထက်ခိုင်(စမ်းချောင်း)

Read 44 times Last modified on Tuesday, 23 October 2018 10:27