SJ WorldNews - шаблон joomla Авто

ခရီးသည်တင် အမြန်ရေယာဉ်များရှိ အထက်တန်းလူစီးအခန်းများ ဖြုတ်သိမ်းရန် ညွှန်ကြားချက်ထုတ်ပြန်

Tuesday, 23 October 2018 10:50 font size decrease font size decrease font size increase font size increase font size

မုံရွာ အောက်တိုဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မုံရွာ မြို့နယ်မှ အထက်ချင်းတွင်းဒေသများသို့ ပြေးဆွဲလျက်ရှိသော လူစီးအမြန်ရေယာဉ်များ တပ်ဆင်ထားသော အထက်တန်းလူစီးခန်း များသည် ရေယာဉ်၏တည်ငြိမ်မှုကိုထိခိုက် နိုင်သဖြင့် ဖြုတ်သိမ်းကြရန်ညွှန်ကြားချက်များ ထုတ်ပြန်ထားကြောင်း စစ်ကိုင်းတိုင်းဒေသ ကြီး ရေကြောင်းညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ချင်းတွင်းမြစ်အတွင်းပြေးဆွဲလျက်ရှိသော လူစီးအမြန်ရေယာဉ်များအနေဖြင့် အထက် မြန်မာပြည် ရေတိမ်သွားခရီးသည်တင် ရေယာဉ်စံချိန်၊ စံညွှန်းများကိုက်ညီမှုရှိ/မရှိကို တိုင်းတာစစ်ဆေးရေးမှူး၏ စစ်ဆေးခြင်း ခံယူထားပြီးဖြစ်သော ခရီးသည်တင်အမြန် ရေယာဉ်များသည် ခရီးသည်များအဆင်ပြေ စွာလိုက်ပါနိုင်ရန် ပင်မကုန်းပတ် သို့မဟုတ် လှိုင်းကာအမြင့်တွင်အခင်းခင်းပြီး သီးသန့် အခန်း၊ ဟောခန်းတပ်ဆင်ရန် ရေယာဉ် တစ်စင်းချင်းအလိုက် တည်ငြိမ်မှုတွက်ချက် ရယူမှုအပေါ်မူတည်ပြီး ခွင့်ပြုထားသော်လည်း သတ်မှတ်ချက်ထက်ကျော်လွန်ပြီး အထပ်မြင့် လူစီးခန်းများတပ်ဆင်ထားသည့် အမြန် ရေယာဉ်များအနေဖြင့် ပြန်လည်ဖြုတ်သိမ်း ကြရန် ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရ သည်။

''အထက်တန်းလူစီးခန်းတွေက မြင့်တယ်။ ရေယာဉ်တွေရဲ့တည်ငြိမ်မှုကို နှောင့်ယှက် တယ်။ တည်ငြိမ်မှုမကောင်းဘူး။ ရေယာဉ်ခုတ်မောင်းရင်း ရေစီးကြောင်းတွေ ရုတ်တရက် ရေစီးသန်တာတို့ အကွေ့တွေမှာအပေါ်ဝိတ် များရင် တိမ်းစောင်းနိုင်တယ်။ အဲဒါကြောင့် ဖြုတ်ခိုင်းတာပါ။ အပေါ်ဝိတ်မများအောင် တပ်ထားတာတွေဖြုတ်ရမှာပါ။ မဖြုတ်ဘူး ဆိုရင်တော့ အရေးယူမှုတွေရှိလာမှာပါ။ လက်ရန်းတွေလည်းဖြုတ်ခိုင်းတယ်။ လက်ရန်း တွေက အများအမြင်မှာတော့ အကာအကွယ် ဖြစ်တယ်လို့မြင်ကြတယ်။ လက်ရန်းတွေအမှီပြုပြီး သွားလို့ရတယ်လို့မြင်ကြတယ်။ နည်းပညာပိုင်းက ကြည့်တဲ့အခါမှာ လက်ရန်းပါတာကပြသနာမရှိပေမယ့် ရေယာဉ်မတော် တဆမှုတွေဖြစ်တဲ့ အခါမှာကျတော့ ထွက်လို့ ပြုလို့ခက်တယ်ဆိုတာ သာဓကတွေရှိခဲ့တဲ့ အတွက် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန နည်းပညာဆွေးနွေးပွဲမှာ ပညာ ရှင်တွေက ဆွေးနွေးညှိနှိုင်းပြီးတော့မှ ဖြုတ် သင့်တယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင် တာပါ''ဟု စစ်ကိုင်းတိုင်းဒေသကြီး ရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဦးစီးမှူး ဦးသန်းအောင်ကပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြတ်သန်း စီးဆင်းလျက်ရှိသော ချင်းတွင်းမြစ်ကြောင်း တစ်လျှောက် မုံရွာမြို့မှအခြေပြုပြီး အထက် ချင်းတွင်းဒေသ ခန္တီးမြို့အထိ ပြေးဆွဲလျက် ရှိသော လူစီးအမြန်ရေယာဉ်အသင်း ၁ဝ သင်းမှ ရေယာဉ်အစင်း ၁၄ဝ ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

Read 20 times Last modified on Tuesday, 23 October 2018 10:53