SJ WorldNews - шаблон joomla Авто

သစ်တောဥပဒေ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာ ဥပဒေများနှင့် ပတ်သက်၍ ရှင်းလင်း

Tuesday, 23 October 2018 11:32 font size decrease font size decrease font size increase font size increase font size

နေပြည်တော် အောက်တိုဘာ ၂၂

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေး၊ ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေး နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ကို အထောက်အကူ ပြုသောသစ်တော စီမံအုပ်ချုပ်မှုကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန် သစ်တောဥပဒေ၊ ဇီဝမျိုးစုံ မျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက် ခြင်းဆိုင်ရာဥပဒေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များအသင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် နေပြည်တော် ကောင်စီဝင် ဦးတင်ထွန်းက မြန်မာ နိုင်ငံတစ်ဝန်းလုံး ကြုံတွေ့နေရသည့် နည်းတူ သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစားကျဆင်းခြင်း တို့ဖြစ်ပေါ်လျက်ရှိရာ သစ်တော စိုက်ခင်း တည်ဆောက်ခြင်းအပါအဝင် သစ်တောပြုစု ထိန်းသိမ်းရေးလုပ်ငန်း များကို တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် သစ်တောဖုံးလွှမ်းမှု ပြန်လည် ကောင်းမွန်လာစေရန် မြန်မာနိုင်ငံ သစ်တောများ ပြန်လည်ထူထောင်ရေး စီမံကိန်းကို ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် မှ ၂ဝ၂၆-၂ဝ၂၇ ဘဏ္ဍာနှစ်အထိ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပြီး သစ်တောပြုန်းတီးမှုကို ကာကွယ်ရန်အတွက် ဥပဒေ၊နည်း ဥပဒေများထုတ်ပြန်ပြီး ထိန်းသိမ်း ကာကွယ်လျက်ရှိကြောင်း၊ ဒေသခံ ပြည်သူများအနေဖြင့်လည်း နိုင်ငံတော် ကချမှတ်သည့် ဥပဒေ၊ နည်းဥပဒေ များကို လိုက်နာကျင့်သုံးခြင်းဖြင့် ထာဝစဉ်တည်တံ့စေသော သစ်တော စီမံအုပ်ချုပ်မှုစနစ်ကို ပြည့်ပြည့်ဝဝ အကောင်အထည်ဖော်ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း၊ သစ်တော သယံဇာတ ပေါများကြွယ်ဝသော၊ စိမ်းလန်းစိုပြည်သော၊ သဘာဝ ပတ်ဝန်းကျင်ပျက်စီးမှုမများသော နိုင်ငံ တစ်ခုအဖြစ် ရပ်တည်စေနိုင်ရေး အားလုံးပူးပေါင်းပါဝင်ကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်သစ်တော ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော် မင်းသိန်းက သစ်တောဥပဒေနှင့် ဇီဝ မျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက် ခြင်းဆိုင်ရာ ဥပဒေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာ ကြသူများက သိရှိလိုသည်များမေးမြန်း ရာ တာဝန်ရှိသူများက ပြန်လည်ဖြေ ကြားသည်။

အခမ်းအနားသို့ နေပြည်တော် ကောင်စီဝင် ဦးတင်ထွန်း၊ ဥတ္တရသီရိ မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးကျော်မင်းလှိုင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သစ်တောလုပ်ငန်းများ နှင့်ဆက်စပ်ပတ်သက်သည့် လုပ်ငန်းရှင်များနှင့် ပြည်သူများ၊ သစ်တော ဦးစီးဌာနမှဝန်ထမ်းများ တက်ရောက် ကြကြောင်း သိရသည်။

 အောင်ကို

Read 43 times Last modified on Tuesday, 23 October 2018 11:36