SJ WorldNews - шаблон joomla Авто

အလယ်ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်မှု ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ် အတွင်း ပြီးစီးမည်

Thursday, 03 August 2017 14:56 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  သြဂုတ် 

လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု စီမံကိန်းများအနက် အလယ်ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်းသည် ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်အတွင်း ပြီးစီးမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။ အဆိုပါ အလယ်ပေါင်းလောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ စီမံကိန်းနှင့် အထက်ပေါင်းလောင်း ရေအားလျှပ် စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းနှစ်ခုမှ လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ သန်း ၁၄ဝဝ ခန့်အထိ နှစ်စဉ်ထုတ်လုပ်နိုင် မည်ဖြစ်ပြီး လက်ရှိတွင် စီမံကိန်း တစ်ခုလုံး ပြီးစီးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ အလယ်ပေါင်းလောင်း ရေအား လျှပ်စစ် စီမံကိန်းသည် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်း ကျင်ဆိုင်ရာ ထိခိုက်မှုနည်းပါးခြင်း၊ စီးပွားရေးအရတွက် ခြေကိုက်ခြင်းနှင့် နိုင်ငံအတွင်း ဓာတ်အားလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ခြင်း စသည့်အကျိုးများ ရရှိမည်ဖြစ် ကြောင်း သိရသည်။

အလယ်ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်ခြင်းဖြင့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှ မောင်းနှင် ထုတ်လွှတ်လိုက်သည့် ပေါင်းလောင်းမြစ်ရေကို ဓာတ်အားထုတ် လုပ်ရေးအတွက် အကျိုးရှိစွာ အသုံးပြုနိုင်မည်ဖြစ် သည်။ အဆိုပါ ရေအားလျှပ်စစ် စီမံကိန်းတစ်ခုမှ နှစ်စဉ်လျှပ်စစ်ဓာတ်အား ကီလိုဝပ် နာရီ သန်း ၅၄ဝ ခန့်  ထွက်ရှိပြီး စက်တပ်အင်အား  ၁၅ဝ မဂ္ဂါဝပ်ခန့် ထွက်ရှိမည့် ရေအားလျှပ်စစ် စီမံကိန်းဖြစ်သည်။

ထို့ပြင် အလယ်ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်းသည် မြန်မာနိုင်ငံရှိ ရေအားလျှပ်စစ် စီမံကိန်းများအနက် အကြီးဆုံး ရေအားလျှပ်စစ် စီမံကိန်းများ၌ တစ်ခုအပါအဝင် ဖြစ်လာမည်ဖြစ်သည်။ ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ရာတွင် စီမံကိန်းများ၏ အရည်အသွေးနှင့် စံချိန်စံညွှန်း ပြည့်မီစေရန် နိုင်ငံတကာ အတိုင်ပင်ခံ အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေပြီး တွက်ချက်မှုများအရ ပေါင်းလောင်းမြစ်တွင် ရေအားလျှပ်စစ် အရင်းအမြစ် စုစုပေါင်း ကီလိုဝပ်နာရီ သန်း ၂ဝဝဝ ခန့်နှစ်စဉ်ထုတ်လုပ်နိုင်မည်ဟု တွက် ချက်ထားကြောင်း သိရသည်။

Read 796 times Last modified on Friday, 04 August 2017 13:10