SJ WorldNews - шаблон joomla Авто

(၅၆)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲ တတိယနေ့နတွင် ပုလဲအတွဲပေါင်း ၉၁ တွဲရောင်းချ နိုင်ခဲ့ပြီး ယူရိုငွေ ၄၈၉၆၃၁ ရရှိ

Thursday, 14 March 2019 10:29 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မတ် ၁၃

(၅၆)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲ တတိယနေ့တွင် ပုလဲအတွဲပေါင်း ၉၂ တွဲအား တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ၉၁ တွဲ တင်ဒါ အောင်မြင်ခဲ့ပြီး ယူရိုငွေ၄၈၉၆၃၁ ဖိုး ရောင်းချ နိုင်ခဲ့ကြောင်း မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးမှ သိရသည်။

ပြပွဲ တတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပရာ ပြည်တွင်းပြည်ပမှ ပုလဲရတနာကုန်သည်များ တက်ရောက် ဝယ်ယူခဲ့ကြပြီး ပုလဲအတွဲပေါင်း ၉၂ တွဲကို အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ရောင်းချပေးခဲ့ရာ ပုလဲအတွဲပေါင်း ၉၁ တွဲ တင်ဒါအောင်မြင်ပြီး ယူရိုငွေ ၄၈၉၆၃၁ ဖိုး ရောင်းချနိုင်ခဲ့သည်။

(၅၆)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲသို့ တက်ရောက်ရန် တရုတ်၊ ထိုင်း၊ သြစတြေးလျ၊ အမေရိကန်နှင့် အိန္ဒိယ နိုင်ငံတို့မှ ရတနာကုန်သည် စုစုပေါင်း ၂၈ဝဝ ကျော်နှင့် ပြည်တွင်းနိုင်ငံသား ကုန်သည် ၁၄ဝဝ ကျော်စာရင်း ပေးသွင်းထားပြီး ယနေ့ပြပွဲကို ပြည်တွင်း ပြည်ပရတနာ ကုန်သည်များစွာ တက်ရောက်၍ ကျောက်စိမ်း၊ ကျောက်မျက် အရိုင်းတွဲများ၊ ကျောက်မျက် အချောထည်များနှင့် ပုလဲအတွဲများကို ကြည့်ရှု လေ့လာကြပြီး တင်ဒါ ထည့်သွင်းကြသည်။

ပြပွဲတွင် ပုလဲအတွဲပေါင်း ၂၇၄ တွဲ၊ ကျောက်မျက်အတွဲပေါင်း ၅ဝဝ တွဲ၊ ကျောက်စိမ်း အတွဲပေါင်း ၆၉၇၄ တွဲကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် မတ် ၁၁ ရက်မှ ၂ဝ ရက်အထိ ရောင်းချပေးသွားမည် ဖြစ်ပြီး ပြပွဲစတုတ္ထနေ့တွင် ကျောက်မျက်အတွဲ ၅ဝဝ တွဲကို ဆက်လက် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သိန်းဝင်း(မြဝတီ)

Read 22 times Last modified on Thursday, 14 March 2019 10:31