SJ WorldNews - шаблон joomla Авто

မြတ်မော်တင်စွန်း ဘုရားပွဲတော်သို့ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူး လာရောက်သူများဖြင့် နေ့စဉ် စည်ကားလျက်ရှိ

Thursday, 14 March 2019 11:45 font size decrease font size decrease font size increase font size increase font size

ငပုတော  မတ်   ၁၃

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့ရှိ ဆံတော်ရှင်မြတ်မော်တင်စွန်း ဘုရားပွဲတော်ကို တပို့တွဲလပြည့်နေ့မှ တပေါင်းလပြည့်နေ့အထိ (ဖေဖော်ဝါရီ ၁၉ ရက်မှ မတ် ၂ဝ ရက်အထိ) တစ်လကြာ ကျင်းပလျက်ရှိရာ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူး လာရောက်သူများဖြင့် နေ့စဉ်စည်ကားလျက် ရှိကြောင်း သိရသည်။

ဘုရားပွဲတော်သို့ အနယ်နယ်အရပ်ရပ်မှ ကားများဖြင့် ဘုရားတောင်ခြေအထိ တိုက်ရိုက်လာရောက် ဖူးမြော်ခြင်းများ ရှိသကဲ့သို့ ပုသိမ်မြို့မှ တစ်ဆင့် သင်္ဘောများဖြင့် လာရောက်ဖူးမြော်ခြင်းများလည်းရှိပြီး ဘုရားပွဲတော် ကာလ အတွင်း ဘုရားဖူး ဧည့်သည်များ အဆင်ပြေစွာ တည်းခိုနိုင်ရန်အတွက် အခမဲ့တည်းခိုဆောင် တစ်ခုစီစဉ်ပေးထားကာ ရင်ပြင်ပေါ်တွင် ညအိပ်မည့်သူများအတွက် ဖျာများကိုလည်း အခမဲ့ ငှားရမ်းပေးသည်။

ဘုရားဖူး လာရောက်ကြသည့် ပြည်သူများအနေဖြင့်  ဆံတော်ရှင် မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီးအား ဖူးမြော်ပြီးပါက မြွေတောင်(ခ) ငွေတောင်ပင်လယ်ကမ်းခြေသို့သွား ရောက်ကာ အပန်းဖြေရေကူးခြင်း၊ ကမ်းခြေသဘာဝ အလှများကို ကြည့်ရှုခြင်းများနှင့် ရေလှိုင်းစီးခြင်းများ ပြုလုပ်ကြပြီး    ဧည့်သည်များဖြင့် နေ့စဉ်စည်ကားလျက် ရှိကြောင်း သိရသည်။

Read 9 times Last modified on Thursday, 14 March 2019 11:51