SJ WorldNews - шаблон joomla Авто

(၂)ကြိမ်မြောက် ငွေကျပ် ၁ဝဝဝ တန် အောင်ဘာလေ ထီလက်မှတ်များ စတင် ရောင်းချနေသော်လည်း ထီရုံး၌ ထီစာအုပ်များ ကျန်ရှိနေ

Thursday, 14 March 2019 12:35 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   မတ်   ၁၃

ဧပြီ ၁ ရက်တွင် ဖွင့်လှစ်မည့်  (၂)ကြိမ်မြောက် ငွေကျပ် ၁ဝဝဝ တန်  အောင်ဘာလေ ထီလက်မှတ်များ စတင်ရောင်းချနေသော်လည်း ထီရုံး၌ ထီစာအုပ်များ ကျန်ရှိနေသေး ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန အောင်ဘာလေ သိန်းဆုဌာနခွဲမှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက်အရ သိရသည်။

အောင်ဘာလေထီ ဝယ်ယူခွင့်ရရှိသူများ သည် အာမခံငွေများ ပေးသွင်းပြီး သဘောတူ စာချုပ်ချုပ်ဆိုကာ  ဝယ်ယူလျက် ရှိသော်လည်း တချို့ဝယ်ယူခွင့် ရှိသူများက သတ်မှတ် ရက်အတွင်း  ဝယ်ယူရန် ပျက်ကွက်လျက်ရှိကြောင်း၊  ယင်းအတွက် သဘောတူစာချုပ်ပါ စည်းကမ်းချက်များနှင့်အညီ အာမခံငွေ သိမ်းယူရမည့် အခြေအနေများ  ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း သိရသည်။

''(၂) ကြိမ်မြောက် ငွေကျပ် ၁ဝဝဝ တန် ထီလက်မှတ်တွေကို  မတ် ၁ ရက်ကနေ စတင်ရောင်းချနေတာ ဖြစ်ပါတယ်။ထီ အက္ခရာ အလုံး  ၄ဝ  ရောင်းချပေးထားတယ်''ဟု ၎င်းကပြောသည်။

ငွေကျပ်  ၁ဝဝဝ  တန်   ထီစနစ်ကို ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ရောင်းချခဲ့ခြင်း ဖြစ်ပြီး  အဆိုပါထီ စတင်ရောင်းချခဲ့သည့်လတွင် ထီစာအုပ်များ ရောင်းမကုန်ခဲ့သောကြောင့် ထီလက်မှတ် မူရင်းဈေး ငွေကျပ် ၁ဝဝဝ ထက်လျှော့၍ပင် ရောင်းချခဲ့ရကြောင်း သိရသည်။                         

Read 39 times Last modified on Thursday, 14 March 2019 12:36