SJ WorldNews - шаблон joomla Авто

၂ဝ၁၉ ခုနှစ် ကြားဖြတ် လူဦးရေ သန်းခေါင်စာရင်း နိုဝင်ဘာလတွင် ကောက်ယူမည်

Thursday, 14 March 2019 12:41 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   မတ်    ၁၃

တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူခြင်းကို နိုဝင်ဘာလတွင် ရက်ပေါင်း ၁၄ ရက်ကြာ ကောက်ယူမည်ဖြစ်ကြောင်း ၂ဝ၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူရေး ဗဟိုကော်မတီမှ သိရသည်။

ထိုသို့ကောက်ယူရာတွင်  တစ်နိုင်ငံလုံး၌ နမူနာကောက်ကွက်ပေါင်း  ၄၃ဝဝ  ခန့်ကို ရွေးချယ်ကောက်ယူမည်ဖြစ်ပြီး  ရရှိလာသည့် အချက်အလက်များကို ၂ဝ၂ဝ ပြည့်နှစ် ဇွန်လတွင် အတည်ပြု ထုတ်ပြန်နိုင်ရန် ကြိုတင်ပြင်ဆင်ခြင်း၊ စာရင်းကောက်ယူခြင်း၊ စာရင်းပြုစုခြင်းနှင့်  ဆန်းစစ်ခြင်း၊ အစီရင်ခံစာ ပြုစုထုတ်ပြန်ခြင်း လုပ်ငန်းစဉ်လေးရပ်ဖြင့်  ဆောင်ရွက်မည်ဖြစ်သည်။

လက်ရှိတွင်  ကြိုတင်ပြင်ဆင်သည့် လုပ်ငန်းများအဖြစ် ၂ဝ၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူရေး ဗဟိုကော်မတီနှင့် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကြားဖြတ် လူဦးရေသန်းခေါင်စာရင်း ကောက်ယူရေး ကော်မတီတို့ကို နိုင်ငံ တော် သမ္မတရုံး၏ ၂၃-၁-၂ဝ၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၄/၂ဝ၁၉) ဖြင့် ဖွဲ့စည်းခဲ့သည့်အပြင် ခရိုင်၊ မြို့နယ်၊ ရပ်ကွက် နှင့် ကျေးရွာကြားဖြတ် လူဦးရေ သန်းခေါင်စာရင်း ကောက်ယူရေး   ကော်မတီများကိုလည်း အဆင့်ဆင့်ဖွဲ့စည်းရန် ခွင့်ပြုထားပြီး ဖြစ်သည်။

အဆိုပါသန်းခေါင်စာရင်း   ကောက်ယူခြင်းကို ၁ဝ နှစ်တစ်ကြိမ် ပြုလုပ်မည်ဖြစ်ကာ ၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်း အပြီး ၁ဝ နှစ်အကြာ ၂ဝ၂၄ ခုနှစ်တွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ထပ်မံကောက်ယူမည် ဖြစ်ကာ ယင်း အချက်အလက်များကို  ၂ဝ၂၅  ခုနှစ်မှ ရရှိနိုင်မည်ဖြစ်သည်။

နေ့စဉ်နှင့်အမျှ တိုးတက် ပြောင်းလဲနေသော  မြန်မာနိုင်ငံ၏ လက်ရှိနှင့် အနာဂတ် လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်း အချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ အနီးစပ်ဆုံး ခန့်မှန်းနိုင်ရန် ၂ဝ၁၉  ခုနှစ် နိုဝင်ဘာလ တွင် ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူရန် ပြင်ဆင်ရခြင်းဖြစ်သည်။

သန်းခေါင်စာရင်း ကောက်ယူရန် အကြီးမားဆုံး လုပ်ငန်းပမာဏနှင့် အခက်ခဲဆုံး လုပ်ငန်းမှာ ကောက်ကွက်မြေပုံများ Update ပြုလုပ်ခြင်းဖြစ်ပြီး နမူနာကောက်ကွက် မြေပုံများကို မြေပြင်ကွင်းဆင်း၍ Update ပြုလုပ်ရမည် ဖြစ်သောကြောင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ် ရေးမှူးများ၊ အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုသည် အရေးပါကြောင်း၊    ယခုကောက်ယူမည့်  ကြားဖြတ်သန်းခေါင် စာရင်းကို CAPI  နည်းပညာ အသုံးပြု၍ Mobile Tablet နှင့် ကောက်ယူမည်ဖြစ်သဖြင့် SIM Card များနှင့် မြန်နှုန်းမြင့် Internet တို့လိုအပ်ကြောင်း၊ CAPI  နည်းပညာကို ပထမဆုံးအကြိမ် အသုံးပြုမည်ဖြစ်သဖြင့်UN အဖွဲ့အစည်းများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်နှင့် အလှူ ရှင်နိုင်ငံများ၏ ပံ့ပိုးကူညီမှုများလည်း လိုအပ် မည်ဖြစ်ကြောင်း သိရသည်။   

Read 30 times Last modified on Thursday, 14 March 2019 12:41