SJ WorldNews - шаблон joomla Авто

ယခုနှစ် ငါးမဖမ်းရ ရာသီ၌ ငါးမဖမ်းရ ဧရိယာကို သုညအထိ လျှော့ချမည့် အခြေအနေရှိသည့်အတွက် မွေးမြူရေးငါးများ ဈေးနှုန်းမြင့်တက်လာနိုင်

Thursday, 14 March 2019 12:46 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   မတ်   ၁၃

ယခုနှစ်တွင် ငါးမဖမ်းရရာသီနှင့် ငါး မဖမ်းရ ဧရိယာ သတ်မှတ်ခြင်းကို     သုည အထိလျှော့ချပြီး ငါးဖမ်းဆီးခွင့် လုံးဝပိတ်မည့် အခြေအနေရှိသည့်အတွက် မွေးမြူရေးငါး ဈေးနှုန်းများမြင့် တက်လာနိုင်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အထွေထွေအတွင်း ရေးမှူး ဦးဝင်းကြိုင်၏ ပြောဆိုချက်အရ သိရသည်။

မြန်မာ့ပင်လယ်ပြင်ရှိ ငါးသယံဇာတများ ရေရှည်တည်တံ့စေရန် ရည်ရွယ်၍ ယခုနှစ်တွင် ငါးမဖမ်းရရာသီ၊  ငါးမဖမ်းရဧရိယာ သတ်မှတ်ရာ၌ Close Season ကို Zero အထိချပြီး Close Season မှာ ငါးဖမ်းဆီးခွင့် လုံးဝပိတ်လိုက်မည့်  အခြေအနေတွင် ရှိနေသည်။

ယခုအခါ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက  ပြည်ပမှ  အေးခဲ အသားငါးများ တင်သွင်းခွင့်ကို ပိတ်လိုက်ပြီး နယ်စပ်ဒေသများ၌ ဖြစ်ပွားနေသော ဝက် တုပ်ကွေးပြဿနာကြောင့် ဝက်နှင့်ပတ်သက်သည့် စားသောက်ကုန်များကိုလည်း နယ်စပ် ကုန်သွယ်ရေး စခန်းများ၊ လေဆိပ်နှင့်  ရေလမ်းကြောင်းတို့မှ ဝင်ရောက်မှုကို ပိတ်လိုက် သည့်အတွက်   မွေးမြူရေးငါးများကိုသာ အားထား စားသုံးနေရကြောင်း သိရသည်။

ယခုနှစ်တွင် ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ အများဆုံး မွေးမြူသည့်  ငါးမြစ်ချင်းသည် ဒီဇင်ဘာ ၁ ရက်မှစ၍  ဥရောပသမဂ္ဂမှ ခွင့်ပြုလိုက်သည့်အတွက် ငါးမြစ် ချင်းဈေးကွက် ခိုင်မာလာပြီး ငါးတန်ဈေးကွက်မှာလည်း  ပြည်ပမှ  ဝယ်လိုအားရှိသဖြင့် ဈေးနှုန်းမြင့်တက်ကာ   ငါးမုတ်ဈေးနှုန်းမှာလည်း သင်္ကြန်ကာလ မတိုင်မီအထိ ဈေးနှုန်း    ဆက်လက်မြင့်တက် နေဦးမည်ဖြစ်ကြောင်း သိရသည်။

Read 34 times Last modified on Thursday, 14 March 2019 12:46