SJ WorldNews - шаблон joomla Авто

နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် သံတမန် ဆက်ဆံရေး ပိုမိုတိုးမြှင့် ဆောင်ရွက်သွားနိုင်ရေး ဆွေးနွေး

Friday, 15 March 2019 10:07 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   မတ်   ၁၄

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ   သံအမတ်ကြီး H.E.Mr.Scot Marciel နှင့် နော်ဝေနိုင်ငံ သံအမတ်ကြီး H.E.Mrs. Tone Tinnes တို့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ရုံးခန်း၌ သီးခြားစီ လက်ခံတွေ့ဆုံသည်။

အမေရိကန် သံအမတ်ကြီးနှင့် အဖွဲ့အား တွေ့ဆုံစဉ်   နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် သံတမန်ဆက်ဆံရေး ပိုမိုတိုးမြှင့် ဆောင်ရွက်သွားနိုင်ရေး၊ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေး၊မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ထိန်းချုပ်ရေးနှင့်   လွှတ်တော်၏ ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

ယင်းနောက်  နော်ဝေနိုင်ငံ သံအမတ်ကြီးနှင့် အဖွဲ့အား တွေ့ဆုံစဉ် နော်ဝေနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး လုပ်ငန်းများတွင် အကူအညီပေးနေသည့် ကိစ္စ၊လွှတ်တော်၌ ဆောင်ရွက်လျက်ရှိသည့်  ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေး ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍   ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြကြောင်း သိရသည်။

(သတင်းစဉ်)

Read 21 times Last modified on Friday, 15 March 2019 10:07