SJ WorldNews - шаблон joomla Авто

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂ဝဝ၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ (၆/၂ဝ၁၉) အစည်းအဝေး ကျင်းပ

Friday, 15 March 2019 10:12 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၁၄

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂ဝဝ၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ(၆/၂ဝ၁၉) အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စု လွှတ်တော်  Dဆောင်  ဒုတိယထပ် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂ဝဝ၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က  ဆွေးနွေး နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက ပြင်ဆင်ရေး အကြံပြုချက်များ စုစည်းရရှိမှုကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် နိုင်ငံရေးပါတီများ၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များက ဆွေးနွေးကြပြီး တွဲဖက် အတွင်းရေးမှူး ဦးဌေးဝင်းအောင်(ခ) ဦးပြုံးချိုက အစည်း အဝေး၏ သဘော တူညီချက်များကို အတည်ပြုချက် ရယူကြသည်။

ထို့နောက်   ပြည်ထောင်စု လွှတ်တော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂ဝဝ၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။

အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂ဝဝ၈ ခုနှစ်)ပြင်ဆင်ရေး ပူးပေါင်း ကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး ၊ တွဲဖက်အတွင်းရေးမှူး  ဦးဌေးဝင်းအောင်(ခ) ဦးပြုံးချို၊  တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များနှင့် နိုင်ငံရေး ပါတီများမှ   အဖွဲ့ဝင် ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။

ဇော်မျိုး(မြဝတီ)

Read 17 times Last modified on Friday, 15 March 2019 10:13