SJ WorldNews - шаблон joomla Авто

ရန်ကုန်ပညာရေး တက္ကသိုလ်၌ ဘာသာရပ် ကိုးခုအတွက် အချိန်ပိုင်း နည်းပြများ ခေါ်ယူ

Friday, 15 March 2019 10:38 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  မတ်  ၁၄

ရန်ကုန်ပညာရေး တက္ကသိုလ်၌ ဘာသာရပ် ကိုးခုအတွက်   အချိန်ပိုင်းနည်းပြများ စတင်ခေါ်ယူလျက်ရှိကြောင်း  ပညာရေး ဝန်ကြီးဌာန  အခြေခံပညာ ဦးစီးဌာနမှ သိရသည်။

ရန်ကုန်ပညာရေး တက္ကသိုလ်၌ နည်းပြ လိုအပ်နေသည့်ဘာသာရပ်များအတွက် အချိန်ပိုင်းနည်းပြများ ခေါ်ယူခန့်ထားခြင်း ဖြစ်ပြီး အချိန်ပိုင်း နည်းပြဆရာ၊ ဆရာမများကို တစ်ရက်လျှင် ငွေကျပ် ၃၆ဝဝ နှုန်းဖြင့် ခန့်ထားရန် စီစဉ်ခြင်းဖြစ်သည်။  အချိန်ပိုင်း နည်းပြများခန့်အပ်ရန်   တက္ကသိုလ်တချို့မှလည်း တင်ပြထားမှုရှိသည်။ အချိန်ပိုင်းနည်းပြများ ခေါ်ယူရာတွင်    မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ စီးပွားရေးပညာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သတ္တဗေဒနှင့် ရုက္ခဗေဒဘာသာရပ် တို့ဖြင့်    အနိမ့်ဆုံး မဟာဘွဲ့ရရှိထားသူများ လျှောက်ထားနိုင်ပြီး    သတ်မှတ်ချက်များနှင့် ကိုက်ညီပါက  လျှောက်လွှာများကို   ရန်ကုန်ပညာရေး တက္ကသိုလ် ဝန်ထမ်းရေးရာ ဌာန၌ လျှောက်လွှာ များ ရယူနိုင်ပြီဖြစ်သည်။

လျှောက်ထားလိုသူများ အနေဖြင့် မတ် ၂၉ ရက်နောက်ဆုံးထား လျှောက်လွှာတင်ရမည်ဖြစ်ပြီး    လျှောက်လွှာတင်ထားသူများ အနေဖြင့်  လူတွေ့နှုတ်ဖြေ  ဖြေဆိုရမည်ဖြစ်သည်။ အချိန်ပိုင်းနည်းပြ ရာထူးအတွက်   ငွေကျပ် ၃၆ဝဝ နှုန်းသည် အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ချက် ငွေကျပ် ၄၈ဝဝ ထက် နည်းနေခြင်းကြောင့် ပညာရေး အသိုင်းအဝိုင်းမှ ဝေဖန်မှုများ ရှိနေသည်။ အချိန်ပိုင်းအဖြစ် ခန့်ထားခြင်းကြောင့်   အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ချက် ငွေကျပ် ၄၈ဝဝ ထက် နည်းနေခြင်း ဖြစ်ကြောင်း၊ အချိန်ပိုင်းနည်းပြ ရာထူးကိုယခင်က ခန့်အပ်ထားမှု နည်းခဲ့ခြင်းကြောင့် ယခုအခါ လိုအပ်ချက်အရ ခန့်အပ်ခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန်ပညာရေးတက္ကသိုလ်၌ အချိန်ပိုင်းနည်းပြများ ခန့်ထားနိုင်ရန်   ပညာရေး ဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီက ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။  လက်ရှိတွင်  လျှောက်လွှာများကို စတင် လက်ခံပေးနေပြီး အသက် ၃၅ နှစ်ထက် မကျော်လွန်သူ၊ ပါရဂူဘွဲ့ရပြီးသူ ဖြစ်ပါက အသက် ၄ဝ နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်ဖြစ်ကာ သတ်မှတ်ချက်နှင့် ကိုက်ညီသူများကို ရွေးချယ်ခန့်အပ်မည် ဖြစ်ကြောင်း သိရသည်။            

Read 25 times Last modified on Friday, 15 March 2019 10:39