SJ WorldNews - шаблон joomla Авто

ယခုနှစ် ပဲစင်းငုံတန်ချိန် လေးသောင်း ဝန်းကျင်သာ ထွက်ရှိ

Friday, 15 March 2019 10:43 font size decrease font size decrease font size increase font size increase font size

ရန်ကုန် မတ် ၁၄

ယခုနှစ်အတွင်း တစ်နိုင်ငံလုံး၌ ပဲစင်းငုံတန်ချိန် လေးသောင်းဝန်းကျင်သာ ထွက်ရှိကြောင်း မြန်မာနိုင်ငံ နှမ်းမျိုးစုံနှင့် ပဲကုန်သည်များအသင်း အတွင်းရေးမှူး ဦးမင်းကိုဦး၏ ပြောဆိုချက်အရ သိရသည်။

ပြီးခဲ့သည့်နှစ် အတွင်းက အိန္ဒိယနိုင်ငံမှ ပဲဝယ်ယူမှု ကန့်သတ်လိုက်သည့် အတွက် ပဲစင်းငုံဈေးနှုန်းများ ကျဆင်းခဲ့သည်။ ထို့ကြောင့် တောင်သူများက စိုက်ပျိုးမှု လျှော့ချခဲ့သည့်

အတွက် ယခုနှစ်အတွင်း ထွက်ရှိမှုနှုန်း လျော့နည်းရခြင်းဖြစ်သည်။

''ဒီနှစ်မှာ ပဲစင်းငုံလျှော့စိုက်တဲ့အတွက် အထွက်နှုန်းလျော့နည်းတယ်။ ဈေးကလည်း နည်းနည်းပဲ တက်ပါတယ်'' ဟု ဦးမင်းကိုဦး ကပြောသည်။

အိန္ဒိယနိုင်ငံမှ ပဲဝယ်ယူမှု ရပ်တန့်လိုက်ချိန်တွင် ပဲစင်းငုံတစ်တန်လျှင် ငွေကျပ် ခုနစ်သိန်းသာရှိရာမှ လတ်တလောတွင် ငွေကျပ် ၇၂၅ဝဝဝ အထိ ဈေးနှုန်းမြင့်တက်နေသည်။

ပဲစင်းငုံသည် ဇန်နဝါရီလဆန်းမှ စတင်ထွက်ရှိပြီး အိန္ဒိယနိုင်ငံမှ အများဆုံး ဝယ်ယူနေခြင်း ဖြစ်သည်။ မြန်မာနိုင်ငံမှ ပဲမျိုးစုံ သီးနှံများကို အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ စင်ကာပူ၊ ထိုင်း၊ ပါကစ္စတန်၊ ယူအေအီးနှင့် ဗီယက်နမ်နိုင်ငံတို့သို့ အဓိက တင်ပို့နေပြီး မတ်ပဲနှင့်ပဲစင်းငုံကို အိန္ဒိယနိုင်ငံသို့ အဓိက တင်ပို့လျက်ရှိသည်။

ပြည်ပနိုင်ငံများသို့ အဓိကအားဖြင့် မတ်ပဲ၊ပဲတီစိမ်း၊ ပဲစင်းငုံနှင့် ကုလားပဲများ တင်ပို့နေပြီး ပြည်ပတင်ပို့ရန် အလားအလာရှိသည့် တခြားပဲများမှာ ပဲပုပ်၊ ပဲလွမ်းနှင့် ထောပတ်ပဲတို့ ဖြစ်ကြောင်း သိရသည်။

Read 36 times Last modified on Friday, 15 March 2019 10:44