SJ WorldNews - шаблон joomla Авто

ရန်ကုန်မြို့၌ အထပ်မြင့် အဆောက်အအုံများ တည်ဆောက်ရန် မီးသတ်ထောက်ခံချက် ရယူ လျှောက်ထားသူ များလာ

Friday, 15 March 2019 10:53 font size decrease font size decrease font size increase font size increase font size

ရန်ကုန် မတ် ၁၄

ရန်ကုန်မြို့၌ အထပ်မြင့် အဆောက်အအုံများ တည်ဆောက်ရန် မီးသတ် ထောက်ခံချက် ရယူလျှောက်ထားမှု များလာကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

''အခုနောက်ပိုင်း မီးသတ်ထောက်ခံချက် လျှောက်ထားသူ တော်တော်များလာတယ်။ ပြီးခဲ့တဲ့ရက်တွေမှာဆိုရင် ၄ဝ၊ ၅ဝ လောက် လာလျှောက်ကြတယ်''ဟု ၎င်းကပြောသည်။

အထပ်မြင့် အဆောက်အအုံများ တည်ဆောက်ရာတွင် သုံးထပ်နှင့် အထက်မှစ၍ မီးသတ်ထောက်ခံချက် ရယူမှသာ တည်ဆောက်ခွင့်ပြုသည့် ဥပဒေ သတ်မှတ်ချက်များကြောင့် ထောက်ခံချက် မယူဘဲ တည်ဆောက်မှုများအတွက် စစ်ဆေးအရေးယူခြင်းများ ကြပ်မတ် လုပ်ဆောင်လာကြောင်းသိရသည်။

''ဒီလိုလုပ်တာကြောင့် အဆောက်အအုံမှာ နေထိုင်သူတွေအတွက် Safety ဖြစ်စေတယ်။ ဒီမှာ လာလျှောက်တဲ့ Drawing တွေကို မီးသတ်အင်ဂျင်နီယာတွေက Fire Safety စနစ် သတ်မှတ်ချက်နဲ့ ညီ၊ မညီ စစ်ဆေးတယ်။ မညီရင Drawing ပုံကြမ်းတွေကို ပြန်ပြင်ခိုင်းပါတယ်။ သတ်မှတ်ချက်နဲ့ ညီတဲ့သူတွေ အတွက်တော့ မြန်မာ့စီးပွားရေးဘဏ်မှာ ငွေသွင်းဖို့ ဒီကနေ ရေးပေးလိုက်တယ်။ ငွေသွင်းပြီးတဲ့ စာရွက်ကို ဒီကို ပြန်လာပေးပြီးရင် Fire Safety စနစ်နဲ့ ပတ်သက်တဲ့ ထောက်ခံချက်ကို ထုတ်ပေးပါတယ်''ဟု ၎င်းကပြောသည်။

မီးသတ်ထောက်ခံချက် အတွက် သုံးထပ်မှ ရှစ်ထပ်အထိ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၌ လျှောက်ထားရပြီး ရှစ်ထပ်နှင့်အထက်ဖြစ်ပါက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ လျှောက်ထားရကြောင်း သိရသည်။

Read 42 times Last modified on Friday, 15 March 2019 10:54