SJ WorldNews - шаблон joomla Авто

တိုင်းရင်းသား ရပ်ဝန်းခရီးသွား လုပ်ငန်းများမြှင့်တင်နိုင်ရန် သွေးချင်းတို့၏ ပွဲတော်ဆီ ပွဲတော်ကို နှစ်စဉ်ကျင်းပမည်

Saturday, 16 March 2019 08:50 font size decrease font size decrease font size increase font size increase font size

ရန်ကုန် မတ် ၁၅

မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုနှင့် တိုင်းရင်းသား ရပ်ဝန်းခရီးသွား လုပ်ငန်းများမြှင့်တင်နိုင်ရန် သွေးချင်းတို့၏ ပွဲတော်ဆီပွဲတော်ကို နှစ်စဉ်ကျင်းပမည်ဖြစ်ပြီး ၂ဝ၂ဝ ပြည့်နှစ်တွင် ကယားတိုင်းရင်းသားတို့က ဦးဆောင် ကျင်းပမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များ အသင်းမှ ကော်မတီဝင်ဦးမြင့်ထွေး၏ပြောဆိုချက်အရ သိရသည်။ ''ရန်ကုန်မြို့ ကျိုက္ကဆံကွင်းမှာ ဇန်နဝါရီလက ကျင်းပခဲ့တဲ့ သွေးချင်းတို့ရဲ့ပွဲတော်ဆီ ပွဲတော်ကို ကချင်တိုင်းရင်းသား တို့ရဲ့ပွဲလို့ သတ်မှတ်တယ်။ နောက်နှစ်ပွဲကတော့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း အစီအစဉ်လိုက်ဆိုတော့ ကယားအလှည့်ပေါ့။ ဒီပွဲတော်ကို နှစ်စဉ်ကျင်းပသွားမှာပါ။ နှစ်တိုင်း မြန်မာနိုင်ငံမှာ ဒီလိုပွဲတော်ရှိမယ်ဆိုရင် နိုင်ငံခြား ခရီးသွား ဧည့်သည်တွေကလည်း ဒီလိုအချိန်မှာ ပိုပြီးဝင်လာမယ်။ ဒီပွဲမှာ ပါဝင်ဆင်နွှဲကြမယ်'' ဟု ဦးမြင့်ထွေးကပြောသည်။ ၂ဝ၂ဝ ပြည့်နှစ်တွင်ကျင်းပမည့် သွေးချင်းတို့၏ ပွဲတော်ဆီ ပွဲတော်ကိုလည်း ယခုနှစ်တွင် ကျင်းပခဲ့သည့် ရန်ကုန်မြို့ ကျိုက္ကဆံကွင်း၌သာ ကျင်းပမည်ဖြစ်ပြီး အဆိုပါ ပွဲတော်ကျင်းပခြင်းအားဖြင့် တိုင်းရင်းသားတို့၏အစားအစာများ၊ အဝတ်အထည်များနှင့် ရိုးရာဓလေ့ များကို တစုတစည်းတည်း တွေ့မြင်ရနိုင်ကြောင်း သိရသည်။

Read 24 times Last modified on Saturday, 16 March 2019 08:59