SJ WorldNews - шаблон joomla Авто

သက်တမ်းလွန်ကုန်ပစ္စည်းများ ရောင်းချခြင်းရှိ မရှိ လိုက်လံစစ်ဆေး

Saturday, 16 March 2019 09:30 font size decrease font size decrease font size increase font size increase font size

ဘားအံ မတ် ၁၅

ကရင်ပြည်နယ် ဘားအံမြို့နယ် အိန္ဒုဈေးအတွင်းနှင့် ဈေးပတ်ဝန်းကျင်ရှိ အစားအသောက်နှင့် ကုန်စုံဆိုင်များ၌ သက်တမ်းလွန် ကုန်ပစ္စည်းများ ရောင်းချခြင်းရှိ၊ မရှိကို ယမန်နေ့ နံနက် ၈ နာရီခွဲက ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ သွားရောက်စစ်ဆေးကြောင်း သိရသည်။ ထိုသို့စစ်ဆေးရာတွင် အိန္ဒုဈေးအတွင်းနှင့် ဈေးပတ်ဝန်းကျင်ရှိ ကုန်စုံဆိုင် ၁၄ ဆိုင်မှ သက်တမ်းလွန်အချိုရည်၊ မုန့်မျိုးစုံ၊ ခေါက်ဆွဲခြောက်ထုပ်၊ ယိုးဒယား စာတန်းပါ အသားလုံးထုပ်၊ ကြက်အူချောင်းထုပ်များကို ပြည်နယ်အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာမြတ်သူနှင့် ပူးပေါင်းအဖွဲ့သည် သိမ်းဆည်းရမိသဖြင့် စားသုံးသူများ အန္တရာယ်မရှိစေရေး ဖျက်ဆီးခဲ့ကြောင်း သိရသည်။

Read 12 times Last modified on Saturday, 16 March 2019 09:31