SJ WorldNews - шаблон joomla Авто

ကော့သောင်းမြို့ရှိ ဘုရင့်နောင် ဗျူးပွိုင့်ရင်ပြင်တွင် အပန်းဖြေအနားယူသူ ကျန်းမာရေး လေ့ကျင့်သူများဖြင့် စည်ကား

Monday, 25 March 2019 10:24 font size decrease font size decrease font size increase font size increase font size

ကော့သောင်း   မတ်  ၂၄

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်း မြို့ရှိ ဘုရင့်နောင်ဗျူးပွိုင့်ရင်ပြင်ဝန်းကျင်သည် ပါချန်မြစ်ဝမှတစ်ဆင့် တစ်ဖက် ထိုင်းနိုင်ငံသို့ လှမ်းမြင်ရသည့် သာယာလှပသောအပေါ်စီးရှုခင်းများကြောင့် မြို့သို့လာရောက်လည်ပတ် ကြသည့် ပြည်တွင်းပြည်ပ ခရီးသွားဧည့် သည်များ အမှတ်တရဓာတ်ပုံရိုက်မှတ်တမ်းတင်ကြသည့်နေရာတစ်ခုဖြစ်ပြီး      အပန်းဖြေ အနားယူသူ၊   ကျန်းမာရေးလေ့ကျင့်ခန်းများ ပြုလုပ်သူ ပြည်သူများဖြင့် စည်ကားလျက်ရှိသည်ကို ယနေ့ နံနက်ပိုင်းတွင်  တွေ့မြင်ရသည်။

အဆိုပါဗျူးပွိုင့်နေရာကို မြို့နယ်စည်ပင် သာယာရေးကော်မတီဝင်များ၏ ကြီးကြပ်မှုဖြင့်   အပန်းဖြေရင်ပြင်တည် ဆောက်ခြင်း၊ ကြွေပြားခင်း အလှဆင်ခြင်း၊ လမ်းမီးတိုင်များ ဖြင့်  အလှဆင်ခြင်း၊   KAW   THAUNG အထိမ်းအမှတ် ရွှေရောင် သံမဏိပြား စာလုံး ကြီးများတပ်ဆင်ခြင်း၊ ပန်းအလှပင်များစိုက်ပျိုးခြင်း လုပ်ငန်းများကို  ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ထိုင်း- မြန်မာနယ်စပ် ဖြတ်သန်းခ ရရှိငွေမှ ၁ဝ ရာခိုင်နှုန်းနှင့် မိမိတို့၏မြို့ ပိုမိုသာယာလှပရေး မြို့ခံ စေတနာရှင် အလှူရှင် ထည့်ဝင် လှူဒါန်းငွေများဖြင့် လာရောက် လည်ပတ်သည့် ခရီးသွားဧည့်သည်များ၊ မြို့နေ ပြည်သူများ စိတ်လက် အေးချမ်းစွာ အပန်းဖြေနိုင်ကြရေး စံချိန်စံညွှန်းများနှင့် အညီ ဆောင်ရွက်ပေးထားခြင်းဖြစ်သည်။

ကော့သောင်းမြို့သို့ လာရောက်လည်ပတ် ကြသည့် ခရီးသွားဧည့်သည်များနှင့် အနားယူ အပန်းဖြေသူ မြို့နေပြည် သူများ ဖြင့် အစဉ် စည်ကားလျက်ရှိပြီး  နေ့စဉ်  နံနက်ပိုင်းနှင့် ညနေပိုင်းအချိန်များတွင် အစုအဖွဲ့လိုက် ကျန်းမာရေး လေ့ကျင့်ခန်း ပြုလုပ်ကြ သူများဖြင့်  စည်ကား လျက်ရှိကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)

...............     

Read 17 times Last modified on Monday, 25 March 2019 10:34