SJ WorldNews - шаблон joomla Авто

ရွှေပုံတောင် စိမ်းလန်း စိုပြည်ရေး ဧရိယာတွင် ငါးနှစ်အတွင်း အပင်ပေါင်း တစ်သိန်းစိုက်ပျိုးမည်

Monday, 25 March 2019 10:36 font size decrease font size decrease font size increase font size increase font size

နေပြည်တော်    မတ်   ၂၄

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးအတွက်  မကွေး တိုင်းဒေသကြီး ချောက်မြို့နယ် ရွှေပုံတောင်စိမ်းလန်း စိုပြည်ရေး ဧရိယာ မြေဧက၂၁၈ ဒသမ ၃ တွင် တစ်နှစ်လျှင် အပင်နှစ်သောင်းနှုန်းဖြင့် ငါးနှစ်အတွင်း အပင်ပေါင်း တစ်သိန်းကို စိုက်ပျိုးကာ ရေပိုက်လိုင်းများသွယ်တန်း၍  ရေလောင်းပြုစုထိန်းသိမ်းသွားရန် စီစဉ်လျက်ရှိကြောင်း  သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာနမှ သိရသည်။

၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် ယခုနှစ်မိုးရာသီတွင်  အဆိုပါ စိမ်းလန်းစိုပြည်ရေးဧရိယာပင်မနှင့် အတွင်းစည်းနယ်မြေ များအတွင်းမှ သက်တမ်းရင့်တမာပျိုးပင်ကြီး အပင် ၄ဝဝ  နှင့် သစ်မျိုးစုံ၂၅၄ဝ ပင်၊ အပြင်စည်းနယ်မြေတွင် တမာ ပျိုးပင်ကြီး ၁ဝဝ နှင့် သစ်မျိုးစုံ ၁ဝ၉၆ဝ ပင် စုစုပေါင်း  ၁၄ဝဝဝ ပင်စိုက်ပျိုးသွားမည်ဖြစ်ပြီး  ယခုအချိန်အတွင်း  မြေသား ပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိပြီး ဖြစ်သည်။

ထို့ပြင် ရေဂါလန် ၅ဝဝဝ ဆံ့ အုတ်ရေကန်တစ်လုံး ထပ်မံတည်ဆောက်ခြင်းနှင့် ရေပိုက်လိုင်းများပြန်လည် သွယ်တန်း ခြင်း လုပ်ငန်းများ ဆောင်ရွက်သွားရန်အတွက်  ကွင်းဆင်းတိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး  ပင်မနှင့် အတွင်းစည်း နယ်မြေ B3  ကုန်းရှိ အုတ်ရေကန်မှ  အပြင်စည်းနယ်မြေရှိ အုတ်ရေကန်များသို့ ပေ ၂ဝ၂၃၅ ပေ အကွာ အဝေးကို ရေပိုက်လိုင်းများသွယ်တန်း၍ အလယ် နေရာတွင် အမြင့်တင်ရေပန့်တစ်လုံးဖြင့် ထပ်ဆင့် တွန်းတင် ရမည်ဖြစ် သဖြင့် အုတ်ရေကန် သုံးလုံးပြုပြင်ခြင်း၊ အုတ်ရေကန်အသစ်တစ်ခုတည်ဆောက်ခြင်း၊  ရေပိုက်လိုင်းများ သွယ်တန်းခြင်း၊ ရေပန့်မော်တာ ၂ဝဝ KVA ထရန်စဖော်မာတစ်လုံး တပ်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် လိုအပ်မည့် ရန်ပုံငွေကျပ်  ၉၆ ဒသမ ၉၂ သန်းခွင့်ပြုပေးရန် တင်ပြတောင်းခံသွားမည်ဖြစ်ပြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန အနေဖြင့်လည်း လိုအပ်သည့် နည်းပညာဆိုင်ရာ အကူအညီများ ကူညီဆောင်ရွက် ပေးသွား မည်ဖြစ်ကြောင်း  သိရသည်။

အောင်လှိုင်ဝင်း

 

 

Read 19 times Last modified on Monday, 25 March 2019 10:46