SJ WorldNews - шаблон joomla Авто

ညောင်လေးပင်မြို့နယ် ပုဇွန်မြောင်းစံပြ ကျေးရွာ၌ ကျေးလက်ကျန်းမာရေးဌာန အဆောက်အအုံသစ်လွှဲပြောင်းပေးအပ်

Monday, 25 March 2019 12:09 font size decrease font size decrease font size increase font size increase font size

ညောင်လေးပင် မတ်  ၂၄

ပဲခူးတိုင်းဒေသကြီး  ညောင်လေးပင်မြို့ နယ် ဆွဲဒလွဲကျေးရွာအုပ်စု  ပုဇွန်မြောင်းစံပြကျေးရွာကျေးလက်ကျန်းမာရေး ဌာန အဆောက် အအုံသစ်လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနား  ကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါကျေးရွာ ၌ ကျင်းပသည်။

အခမ်းအနားတွင်    ပန်းငွေရုံတောရ ဆရာတော်နှင့်ဆရာတော်ကြီးများက ပုဇွန်မြောင်းကျေးလက် ကျန်းမာရေးမှတ်တမ်း အား  ကျန်းမာရေးနှင့်  အားကစားဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

ထို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖတစ်ဦးတို့က ဆေးခန်းတည်ဆောက်ရေးလုပ်ငန်း၊ ရည်ရွယ်ချက်နှင့် ကျေးဇူးတင် စကားများ ပြောကြားသည်။

အဆိုပါ  ပုဇွန်မြောင်းစံပြကျေးရွာကျေးလက် ကျန်းမာရေးဌာန အဆောက်အအုံသစ် သုံးဆောင်ကို  ငွေကျပ်သိန်း ၁၅ဝဝ ကျော် အကုန်အကျခံဆောက်လုပ်လှူဒါန်းခြင်းဖြစ်ပြီး ပန်းငွေရုံဆရာတော်၏သက်တော် ၈၆နှစ်ပြည့် ဝိဇာတမွေးနေ့ မင်္ဂလာ အထိမ်းအမှတ် အဖြစ်ဖွင့်ပွဲကျင်းပခြင်းဖြစ်ကာ နံနက် ၇ နာရီ တွင်သံဃာအပါး ၁ဝဝ ကိုဆွမ်းဆန်စိမ်းများ လောင်းလှူကြသည်။

ပုဇွန်မြောင်းစံပြကျေးရွာကျေးလက်ကျန်း မာရေးဌာနအနေဖြင့် အဆိုပါကျေးရွာ အနီးအနားရှိ ကျေးရွာပေါင်း ၂ဝ မှာ ဒေသခံ ပြည်သူ ၁၉ဝ၇၁ ဦးအား   ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

 (၄၁ဝ)

 

 

Read 22 times Last modified on Monday, 25 March 2019 12:10