SJ WorldNews - шаблон joomla Авто

စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်

Friday, 29 March 2019 09:01 font size decrease font size decrease font size increase font size increase font size

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)တို့ ပူးပေါင်း၍ ချေးငွေ အစီအစဉ်ဖြင့် ဆောင်ရွက်မည့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် မြေသြဇာ၊ သီးနှံမျိုး၊ ပိုးသတ်ဆေး ထုတ်လုပ်ရောင်းချမှု အဆင်ပြေရေး ဆွေးနွေးခြင်းနှင့် စစ်တမ်းကောက်ယူခြင်းကို မတ် ၂၈ ရက် နံနက်ပိုင်းက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရွှေနဒီဦးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဒေါက်တာမင်းသိန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်တို့က သင်တန်းဖွင့် အမှာစကား ပြောကြားပြီး ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) အဖွဲ့မှ Mr. Hiruta က စိုက်ပျိုးရေး ဝင်ငွေတိုးတက်ရေး စီမံကိန်း (AIIP) အကြောင်းကို ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ တက်ရောက် လာကြသော စိုက်ပျိုးရေးဆိုင်ရာများ ထုတ်လုပ်ရောင်းချနေသူများ JICA အဖွဲ့၊ မြေအသုံးချရေးဌာနခွဲ၊ မုံရွာစီးပွားရေးတက္ကသိုလ် (PPP) က အမှန်တွေ့ကြုံနေရသည့် ပြဿနာများ၊ တန်ပြန် အစီအမံများ၊ ပြည်သူနှင့် အစိုးရပူးပေါင်းပြီး အသိပညာပေး လုပ်ငန်းလုပ်ဆောင်ပေးနိုင်မှု အားနည်းချက်များ၊ စိုက်ပျိုးရေး သွင်းအားစု ရောင်းချသူများကဏ္ဍ၊ ပုဂ္ဂလိကကုမ္ပဏီနှင့် အခြားအဖွဲ့အစည်းများက အရည်အသွေး ကောင်းသော ပိုးသတ်ဆေးများ ဖြန့်ဖြူးပေးနိုင်ရေး၊ မြေ၊ မျိုး၊ ပိုး ထုတ်လုပ်ရောင်းချရေး မျှော်မှန်းချက်များကို စစ်တမ်းကောက်ယူခြင်းနှင့် ပိုးသတ်ဆေးအုပ်စုခွဲခြားခြင်း၊ ပိုးသတ်ဆေးဒဏ် ခံနိုင်ရည်ရှိခြင်း တို့ကို ဆွေးနွေး တင်ပြကြကြောင်း သိရသည်။

သန်းထိုက်(ရေဦး)

Read 24 times Last modified on Friday, 29 March 2019 09:02