SJ WorldNews - шаблон joomla Авто

သင်္ကြန်တွင်း အသုံးအဆောင် ပစ္စည်းများ ရောင်းဝယ်မှု ယမန်နှစ်ကထက် ထက်ဝက်ခန့် ကျဆင်း

Friday, 29 March 2019 09:05 font size decrease font size decrease font size increase font size increase font size

ယခုနှစ် သင်္ကြန်အသုံးအဆောင်ပစ္စည်း ဈေးကွက်တွင် ရောင်းဝယ်မှု ယမန်နှစ်ကထက် ထက်ဝက်ခန့် ကျဆင်း နေကြောင်း ရန်ကုန်မြို့ရှိ သင်္ကြန်အသုံးအဆောင်ပစ္စည်း လက်လီလက်ကား ရောင်းချသည့် အရောင်းဆိုင်များမှ သိရသည်။

''ဒီနှစ်က သင်္ကြန်အသုံးအဆောင် ပစ္စည်းတွေ အရောင်းအဝယ် မကောင်းဘူး။ အရင်နှစ်တွေတုန်းကဆို ဒီအချိန်မှာ နယ်ကရော မြို့တွင်းကပါ ဝယ်ယူမှုများတယ်။ ဒီနှစ်မှာတော့ နယ်ကလည်း တက်မလာဘူး။ ဒါကလည်း တစ်နှစ်နဲ့တစ်နှစ် မတူတဲ့အချက်ပါပဲ'' ဟု ဆန်းသစ်အောင် အမွေးပွအရုပ်မျိုးစုံ၊ Fancy ပစ္စည်းမျိုးစုံနှင့် ဖုန်းအပိုပစ္စည်း လက်ကားရောင်းဝယ်ရေး ဆိုင်ရှင် ဦးအောင်စိုးက ပြောသည်။

သင်္ကြန်ကာလ နီးကပ်နေပြီ ဖြစ်သော်လည်း သင်္ကြန်တွင်း အသုံးအဆောင်ပစ္စည်းများ ဖြစ်သည့် ရေပြွတ်မျိုးစုံ၊ သင်္ကြန

ဦးထုပ်၊ သင်္ကြန်ပန်းကုံး၊ ပိတောက်ပန်းခြောက်များ၊ ရေကာမျက်မှန်နှင့် အလှတပ်ဆံပင်တု စသည့် ပစ္စည်းများ ရောင်းဝယ်နေသော အရောင်းဆိုင်များ အနေဖြင့် အရောင်းအဝယ် ကျဆင်းနေကြောင်း၊ တစ်ဆင့်ပြန်လည် ရောင်းချသူများ အနေဖြင့် ကြိုတင် ဝယ်ယူရမည့် အချိန်ဖြစ်သော်လည်း ယခင်ထက် ဝယ်ယူသူ ကျဆင်းနေကြောင်း သိရသည်။

သင်္ကြန်ပစ္စည်း ရောင်းဝယ် သူများအနေဖြင့် ရာသီအလိုက် ရောင်းချရသော ပစ္စည်းများ ရောင်းဝယ်ရေး ကောင်းမွန်မှသာ အဆင်ပြေနိုင်မည် ဖြစ်ကြောင်း သိရသည်။

ဇွန်သီတာ

Read 27 times Last modified on Friday, 29 March 2019 09:06