SJ WorldNews - шаблон joomla Авто

သင်္ကြန်ပွဲတော် ကာလအတွင်း မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ဘေးအန္တရာယ်များ မဖြစ်ပွားစေရေး သတိပြုလိုက်နာရမည့် အချက်များ

Friday, 12 April 2019 09:58 font size decrease font size decrease font size increase font size increase font size

၁။ ရေပက်ခံကာ ယာဉ်မောင်းသူများ အရက်သေစာ သောက်စားထားမှုနှင့် မူးယစ်ဆေးဝါးသုံးစွဲမှု မရှိစေရေး သတိပြုရန်၊

၂။ မူးယစ်ဆေးဝါးများ၊ စိတ်ပြောင်းဆေးဝါးများ၊ ထိန်းချုပ်ဆေးဝါးများနှင့် တံဆိပ် အမျိုးမျိုး၊ ပုံသဏ္ဌာန် အမျိုးမျိုးတို့ဖြင့် တရားမဝင် ရောက်ရှိလာသည့် ကာမဆန္ဒ နှိုးဆွစေသော ဆေးဝါးများအား မိမိကိုယ်တိုင် သောက်သုံးခြင်းမှ ရှောင်ကြဉ်ကြပါရန်နှင့် မြှူဆွယ် တိုက်ကျွေး၍ အန္တရာယ်ပေးနိုင်သည်ကိုလည်း သတိပြုဆင်ခြင်ရန်၊

၃။ တာဝန်သိ ပြည်သူတစ်ယောက်ချင်း အနေဖြင့် မိမိတို့နိုင်ငံ၊ လူမျိုးတို့ အမြတ်တနိုး တန်ဖိုးထားသည့် အတာသင်္ကြန် ပွဲတော် မညစ်နွမ်းစေရန် မိမိပတ်ဝန်းကျင်တွင် မူးယစ်ဆေးဝါးနှင့် အခြားအန္တရာယ်ရှိသော ဆေးဝါးများ၊ ကာမဆိုင်ရာ ဆေးဝါး သုံးစွဲရောင်းဝယ်မှုများ တွေ့ရှိပါက အနီးဆုံး လုံခြုံရေး အဖွဲ့အစည်းများထံ သတင်းပေးပို့ တိုင်ကြားရန်၊

၎။ အတာသင်္ကြန် ကာလအတွင်း လူငယ်များသည် ရိုးရာသင်္ကြန်ကို အရိုးရှင်းဆုံး ပုံစံဖြင့် ပျော်ရွှင်စွာဆင်နွှဲကြပါရန်၊ အရက်မှ အစပြု၍ မူးယစ်ဆေးဝါး အပါအဝင် အဆန်းထွင် သုံးစွဲအပျော်လွန်ကြူးလျှင် ဘေးအန္တရာယ်များနှင့် ကြုံတွေ့ရမည်ကို သတိပြုကြပါရန်၊

၅။ မြန်မာ့ရိုးရာ အတာသင်္ကြန်ကာလအတွင်း လူသစ်စိတ်သစ်ဖြင့် နှစ်သစ်ကူးကာလကို ဘေးကင်းစွာနှင့် ပျော်ရွှင်စွာ ဖြတ်သန်း နိုင်ကြစေရန်အတွက် ရပ်မိရပ်ဖများ၊ မိဘအုပ်ထိန်းသူများနှင့် မဏ္ဍပ်တာဝန်ခံများ ဝိုင်းဝန်း ထိန်းသိမ်း၍ ပူးပေါင်း ဆောင်ရွက်ရန်၊

၆။ မိန်းကလေးများ ဆွေမျိုးသားချင်း မဟုတ်သူများနှင့်အတူ လည်ပတ်ရာတွင် အခြားသူများမှ ကျွေးမွေးသော အစားအစာ၊ အချိုရည်၊ အအေး၊ ကော်ဖီများ၊ သောက်ရေဘူးများကို သတိထား ရှောင်ကြဉ်ရန်၊

၇။ မူးယစ်ဆေးဝါး ပပျောက်ရေးကို အမျိုးသားရေး တာဝန်အဖြစ်ခံယူကာ လူတိုင်းကိုယ်စီ အသိစိတ်ဓာတ် ရှိရှိဖြင့် ပူးပေါင်း ပါဝင်ဆောင်ရွက်ရန်။                                                                        

 မြန်မာနိုင်ငံရဲတပ်ဖွဲ့

Read 8 times Last modified on Friday, 12 April 2019 09:59