SJ WorldNews - шаблон joomla Авто

သင်္ကြန်ပွဲတော် ကာလအတွင်း ယာဉ်မောင်းသူများ သတိပြု လိုက်နာရမည့် အချက်များ

Friday, 12 April 2019 10:01 font size decrease font size decrease font size increase font size increase font size

၂ဝ၁၈ ခုနှစ် မဟာသင်္ကြန်ကာလအတွင်း တစ်နိုင်ငံလုံးအနေဖြင့် ယာဉ်မတော်တဆမှု ၃၅ဝ မှုဖြစ်ပွားခဲ့ကာ ဒဏ်ရာရ ၆၉ဝ ဦး၊ သေဆုံး ၁၃၃ ဦးရှိခဲ့ပြီး မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီးတို့တွင် ယာဉ်မတော်တဆမှု အများဆုံး ဖြစ်ပွားခဲ့ကြောင်း တွေ့ရှိရပါသည်။

သို့ဖြစ်ပါ၍ ၂ဝ၁၉ ခုနှစ် မဟာသင်္ကြန် ကာလအတွင်း မိဘပြည်သူများ ယာဉ်မတော်တဆမှုကြောင့် ထိခိုက်နစ်နာမှု မရှိစေရေး၊ ယာဉ်အန္တရာယ် မဖြစ်ပွားစေရေးတို့ အတွက် ယာဉ်မောင်းသူများအနေဖြင့် အောက်ပါ စည်းကမ်းချက်များအား တိကျစွာ လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော် အပ်ပါသည်-

၁။ မူးယစ်သောက်စား၍ ယာဉ်မောင်းနှင်ခြင်း မပြုရ၊

၂။ အပျော်လွန်ကြူး စည်းကမ်းမဲ့ပြိုင်မောင်းခြင်း၊ လုမောင်းခြင်း၊ အရှိန်ပြင်း မောင်းခြင်းမပြုရ၊

၃။ ယာဉ်နံပါတ်ပြားမပါဘဲ မောင်းနှင်ခြင်း မပြုရ၊

၎။ ယာဉ်၏ ဘေးတံခါးများ၊ နောက်ဖုံးများဖြုတ်၍ မောင်းနှင်ခြင်းမပြုရ၊

၅။ ဖျက်သိမ်းထားသော ယာဉ်အိုယာဉ်ဟောင်းများနှင့် ပြုပြင်ဆဲ ယာဉ်များအား မောင်းနှင်ခြင်း မပြုရ၊

၆။ ယာဉ်ကြောပြောင်းပြန် စီးနင်းမောင်းနှင်ခြင်း မပြုရ၊

၇။ ထော်လာဂျီကဲ့သို့ အနှေးယာဉ်များကို အသုံးပြု၍ ရေကစားခြင်း မပြုရ၊

၈။ မော်တော်ဆိုင်ကယ်များ အိတ်ဇောပိုက်ဖြုတ်၍ စီးခြင်း၊ အသံကျယ်လောင်စွာ စီးခြင်း၊ နံပါတ်မမြင်အောင် တွန့်ခေါက်၍ စီးခြင်း၊ ရှေ့/နောက် နံပါတ်ပြား မပါဘဲ စီးခြင်း၊ နှစ်ဦးထက်ပို၍ စီးခြင်း၊ ဆိုင်ကယ်စီး ဦးထုပ်မပါဘဲ စီးခြင်းများမပြုရ၊

၉။ သံစုံဟွန်းများ တပ်ဆင်ကာ အသုံးမပြုရ၊

၁ဝ။ မော်တော်ယာဉ်များတွင် ညစ်ညမ်းသော စာသားများ၊ ဆိုင်းဘုတ်၊ ပန်းချီ၊ရုပ်ပုံ၊ အခြားမသင့်လျော်သော ပစ္စည်းများ ရေးသားချိတ်ဆွဲ၍ မောင်းနှင်ခြင်း မပြုရ။       

မြန်မာနိုင်ငံရဲတပ်ဖွဲ့

Read 11 times Last modified on Friday, 12 April 2019 10:03